Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းပျူစောထီးရွာကို တိုက်ခိုက်သိမ်းပိုက်ရာ ပျူစောထီးတွေနဲ့ မိသားစုဝင် ၅၀ ကျော်ကို အရှင်ဖမ်းမိပြီး ပျူစောထီး ၁ ဦးသေဆုံးခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၈ မှ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။
– ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရဲစခန်းမှ ရဲ ၄ ဦး သေနတ် ၄ လက် ယူဆောင်လာပြီး အလင်းဝင်လာတယ်လို့ ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သောခရိုင်ကောင်စီက ထုတ်ပြန်ထားပါတယ်။
– ကရင်နီပြည်နယ်မှာ ဒီဇင်ဘာလ ၁၆ ရက်နေ့ လွိုင်ကော်ထောင်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၄၀ ခန့် သေဆုံးပြီးနောက် စစ်တပ်က လွိုင်ကော်မြို့ပေါ်က ပြည်သူ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ DMO Local PDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ခွန်းဖရန်စစ်က ပြောပါတယ်။
– ပဲခူးတိုင်းအတွင်း စစ်တောင်းမြစ်အနောက်ဘက်ကမ်းက PDF စစ်ကြောင်းတွေဆီကို NUG ဝန်ကြီး ဦးလွင်ကိုလတ် သွားရောက်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။၄