32.5 C
Yangon

ရေတာရှည်တွင် ပုဝါနီစစ်ကြောင်းနှင့် စစ်တပ်အကြား တိုက်ပွဲ ဖြစ်ပြီး စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်၍ ပြည်သူတစ်ဦးသေဆုံး၊ သကြားစက်ဝန်ထမ်းများကို ‌တော်လှန်ရေးအဖွဲ့က ခေါ်ယူတွေ့ဆုံ

Must read

ရေတာရှည်တွင် ပုဝါနီစစ်ကြောင်းနှင့် စစ်တပ်အကြား တိုက်ပွဲ ဖြစ်ပြီး စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်၍ ပြည်သူတစ်ဦးသေဆုံး၊ သကြားစက်ဝန်ထမ်းများကို ‌တော်လှန်ရေးအဖွဲ့က ခေါ်ယူတွေ့ဆုံ

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် နယ်မြေကွင်းဆင်း စစ်ဆေးသော ပုဝါနီစစ် ကြောင်းနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း ပုဝါနီစစ်ကြောင်းထံမှ သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၇ ရက် နံနက် ၆ နာရိခန့်မှ စတင်ပြီး ပုဝါနီစစ်ကြောင်း တပ်ဖွဲ့ဝင်များက အ မှတ် ၆ သကြားစက်၊ အင်းပလက်ကျေးရွာ၊ အင်ဒိုင်းကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ သာယာကုန်း ကျေးရွာနှင့် ဒိုးတန်းကျေးရွာတို့ကို ပုဝါနီစစ်ကြောင်းခွဲ ၁ မှ မြေပြင်အခြေအနေကို လေ့လာသုံးသပ် ရန် နယ်မြေကွင်းဆင်းခဲ့ပြီး အမှတ် ၆ သကြားစက်အတွင်းရှိ ၀န်ထမ်းတစ်ချို့ကို ခေါ်ယူတွေ့ဆုံကာ လက်ရှိတော်လှန်ရေး၏အနှစ်သာရနှင့် NUG အစိုးရ၏ လုပ်ငန်းစဉ်တစ်ချို့ကို အကျဉ်းချုပ်၍ ပြောပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် လက်ရှိတော်လှန်ရေးတွင် မိမိသဘောဆန္ဒအလျောက် ကိုယ့်ကြိုက်နှစ်သက်ရာ ဘက် အခြမ်းတွင် ရပ်တည်နိုင်ကြောင်းနှင့် မိမိကြောင့် တစ်ပါးသူထိခိုက်နစ်နာစေမည့် အလုပ်မျိုးမပြု လုပ်ရန် အလို့ငှာ အသိပေးဆွေးနွေးခဲ့သည်ဟု ဆိုသည်။

နံနက် ၁၀ နာရီခန့်တွင် သာယာကုန်းကျေးရွာနှင့် ဒိုးတန်းကျေးရွာအရောက် အကြမ်းဖက်စစ်ကောင် စီတပ်နှင့် ပုဝါနီစစ်ကြောင်းတို့အကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား များက သာယာကုန်းကျေးရွာနှင့် ဒိုးတန်းကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိ ရှိတမင်ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် သာယာကုန်းကျေးရွာအတွင်းမှ ပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့သဖြင့် ပြည်သူများကို ငဲ့ညှာပြီး နောက်သို့ ပြန်လည် ဆုတ်ခွာပေးခဲ့ရကြောင်း သိရ သည်။

အလားတူ ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပုဝါနီစစ်ကြောင်းခွဲ ၂ နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ ကွမ်းအုံကျေး ရွာနှင့် သဖန်းစင်ကျေးရွာ အကြား တပ်ဖြန့်ချထားခဲ့ရာ ၀မ်းမကြီးကျေးရွာမှ ကွမ်းအုံကျေးရွာဘက်သို့ စစ်ကြောင်းထိုး၀င်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ပုဝါနီပြောက်ကျားပွိုင့်တို့ကြား မိနစ် ၃၀ ခန့် အကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု ရှိပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြောက်ကျားပွိုင့်ကို ကီးကူစစ်ကြောင်းမှ ကာကင်း၊ ထောက်ကင်းများဖြင့် ကူညီပံ့ပိုးပေးခဲ့ ကြောင်း ပုဝါနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article