31.9 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားပြီး ကျောက်မဲမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ လားရှိုးမြို့နယ်ကကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က ဗုံးကျဲပစ်ခတ်တိုက်ခိုက် နေတယ်လို့ TNLA သတင်း နှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

– နေပြည်တော်၊ အမှတ်၂ တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံမှ သားဖွားမီးယပ်ပါရဂူ ဗိုလ်မှူးကြီး ဇေယျာငြိမ်းက ဇနီးဖြစ်သူကို နှစ်ပိုင်း ပိုင်းဖြတ်ကာ သတ်ဖြတ်ပြီး အလောင်းကို စွန့်ပစ်မှု ဖြစ်ပွားခဲ့တယ်လို့ စစ်ဆေးအသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

– မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကတိုင်ကျေးရွာနဲ့ ကံပေါက်ကျေးရွာကြားမှာ အကြမ်းဖက်စစ်ကား ၃ စီးကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article