29 C
Yangon

ရေတာရှည်မြို့နယ်၊ မရိုးခုံကျေးရွာကို မီးရှို့ဖျက်ဆီး နေသော စစ်သားများကို လက်နက်ကြီး၊ စနိုက်ပါ တို့ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

Must read

ရေတာရှည်မြို့နယ်၊ မရိုးခုံကျေးရွာကို မီးရှို့ဖျက်ဆီး နေသော စစ်သားများကို လက်နက်ကြီး၊ စနိုက်ပါ တို့ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မရိုးခုံကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်သားက မီးရှို့ဖျက်ဆီးနေစဉ် လက်နက်ကြီး၊ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၅၀၁ မှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂၅ ရက် မွန်းလွဲ ၂ နာရီ ၅ မိနစ်တွင် ရေတာရှည်မြို့နယ်၊ မရိုးခုံကျေးရွာအတွင်းသို့ ဝင် ရောက်လာသော အကြမ်းဖက်စစ်သား ၁၁၅ ဦးကိုတောင်ငူခရိုင် အမှတ် ၁ တပ်ရင်းမှ အနောက်ရိုးမ အခြေစိုက် (RV)စစ်ကြာင်း တပ်ခွဲ-၁ တပ်ခွဲ ၅ တပ်ခွဲ ၆ စစ်ကြောင်းတို့မှ တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အချိန်အထိ ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိကာ ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။

ထို့သို့ အကြမ်းဖက်စစ်သားများ ပြန်လည် ဆုတ်ပြေးသွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရန် စီစဉ်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်သား အများအပြား ဖြင့် ထပ်မံစစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြန်လည်ဆုတ်ခွာ ပေးခဲ့ရာ ဒီဇင်ဘာလ ၂၆ ရက် ညနေ ၄ နာရီ မိနစ် ၃၀ အချိန်မှ စ၍ မရိုးခုံကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စတင်မီးရှို့ခဲ့ကြောင်း သိရသည်။

ထိုသို့ မီးရှို့နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ၆၀ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ပြီး စနိုက် ပါဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ ဆက်လက်တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း တောင်ငူခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၅၀၁ ထံမှ သိရသည်။

“ထိတွေ့မှုကတော့ ၂၅ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ရှိနေပါတယ်၊ မနေ့ကအထိတော့ သနပ်ခုံ ကျေးရွာထဲရောက်နေပါတယ်” ဟု တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၅၀၁ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article