30 C
Yangon

အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ မုံရွာမြို့နယ်တွင် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ဦး သေဆုံး

Must read

အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ မုံရွာမြို့နယ်တွင် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တပ်အတွင်း ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း KLG PDF ကျောက် လုံးကြီးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက် ညနေ ၄ နာရီခွဲ Operation Phoenix – ဇာမဏီ စစ်ဆင်ရေး၏ တစိတ် တပိုင်းအဖြစ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိ လက်နက်၊ ရိက္ခာ၊ ဆေးများထားရှိသော န.မ.ခ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တပ်နယ်ထောက်ပို့ တပ်ရင်း ထပရ ၉၂၉ အတွင်းသို့ Shar Htoo Waw နည်းပညာသုံး ဒရုန်းဆုံးရှုံးခံပြီး ထိုးစိုက်ဆင်းကာ ဒရုန်း ဆုံးရှုံးခံပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

“စစ်ခွေး ၃ ကောင် ထိတယ်ဗျ၊ သေမသေတော့ မသိရဘူး၊ နမခ ထောက်ပို့တပ်ထဲကို ချခဲ့တာ၊ ဒရုန်း တစ်စီးထဲ ထိုးချပြီး တိုက်ခိုက်ခဲ့တာဗျ၊ လေယာဉ် ဆုံးရှုံးခံပြီး ထိုးချခဲ့တာ၊ ဗုံးချတဲ့အချိန်မှာ ထောက်ပို့ လေယာဉ် ဆင်းတဲ့ အချိန်ချခဲ့တာ၊ ထောက်ပို့လေယာဉ် ဆင်းတဲ့ နေရာတော့မဟုတ်ဘူးပေါ့၊ အခြား အရေးကြီးတဲ့နေရာကို ချခဲ့တာ၊ စစ်ခွေး ဘက်က လက်နက်ငယ်နဲ့ ရမ်းပစ်တာတော့ရှိတယ်၊” ဟု KLG PDF ကျောက်လုံးကြီးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့သို့ ဗုံးကျဲတိုက်ခိုက်သည့် အချိန်သည် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)တပ်အတွင်းသို့ ထောက်ပို့ပေးရန် လက်နက်နှင့် ရိက္ခာများတင် ဆောင်လာသော ATR-72 Military Transport Aircraft အမျိုးအစား ထောက်ပို့ လေယာဉ် တစ်စင်း မုံရွာလေဆိပ်သို့ ဆင်းသက်စဉ် နမခတပ် အတွင်းရှိ ထောက်ပို့တပ်အတွင်း အချိန်ကိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင် ခရိုင် တပ်ရင်း ၂၁၊ တပ်ရင်း ၂၂၊ တပ်ရင်း၂၃ KLG PDF – ကျောက် လုံးကြီး နှင့် Dragon Brothers Task Force – DBTF နှင့် Chindwin Brothers တို့မှ ပူးပေါင်း တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -မန္တလေး လမ်းမပေါ်ရှိ စွမ်းရည်ထက် ဆီဆိုင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ ကြောင်း မုံရွာ နတ်ဆိုး တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က မုံရွာမြို့နယ်၊ မုံရွာ-မန္တလေး လမ်းမကြီး ပေါ် ရှိ စွမ်းရည်ထက်ဆီဆိုင်အနီး တပ်စွဲကာ ခရီးသွားပြည်သူများကို အကြမ်းဖက်‌ ငွေကြေးကောက် ခံနေသော စစ်ကောင်စီတပ်သားများကို Drone ဖြင့် ၆၀ မမ ဗုံးသီး ၁၀ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သား ၂ ဦး နေရာမှာ ပင်ပွဲချင်းပြီး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် Jummer ပျက်စီးသွားခဲ့ပြီး အဆောက်အအုံ ၂ လုံးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ခံ ဦးစီး၍ မုံရွာခရိုင်ကွပ်ကဲ ရေး Drone တပ်ဖွဲ့ ၊ မုံရွာခရိုင်အမှတ် ၁ တပ်ရင်း – Drone တပ်ဖွဲ့၊ မုံရွာမြို့နယ် ပြည်သူကာကွယ် ရေးအဖွဲ့ – Drone တပ်ဖွဲ့၊ မုံရွာမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ – အမှတ် ၄ တိုက်နယ် ပကဖ နှင့် မုံရွာခရိုင် အမှတ် ၂၂ တပ်ရင်း – လုံခြုံရေးအင်အားတို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article