33 C
Yangon

တန့်ဆည်မြို့နယ်၊ စိန်းနန်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိ

Must read

တန့်ဆည်မြို့နယ်၊ စိန်းနန်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဇန်နဝါရီ ၄

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ စိန်းနန်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် တန့်ဆည်မြို့နယ်၊ စိန်းနန်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အထက်တန်းကျောင်း တဝိုက်ကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေ ပြည်သူများ ထိခိုက်သေဆုံးမှု ရှိကြောင်း သိရသည်။

” ပြည်သူတွေ ထိခိုက် သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးဘူး။ ကနဦး သတင်းတွေအရ သေဆုံးသူ ၄ ဦးလို့လည်း ကြားတယ်။ ၈ ဦးလို့လည်း ကြားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article