29.5 C
Yangon

စစ်တွေနှင့် ပေါက်တော တို့တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ ၁ ဦးသေဆုံး၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်

Must read

စစ်တွေနှင့် ပေါက်တော တို့တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ ၁ ဦးသေဆုံး၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်

ရန်ကုန်၊ ဇန်နဝါရီ ၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ပေါက်တောမြို့နယ် တို့တွင် အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။

ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် စစ်တွေမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ် လက်အောက်ခံ အမှတ် ၁၂ ရဲတပ်ရင်းက ပစ်ခတ်သော လက်နက်ကြီးကျည်သည် စစ်တွေမြို့ အမြင့်ကျွန်းတန်းထားထိပ်ရှိ ကဏန်းဒိုင်၌ ကျရောက် ပေါက်ကွဲခဲ့ပြီး ဂဏန်းဒိုင်တွင် အစောင့်လုပ်နေသည့် ရန်ကုန်မြို့၊ တာမွေမြို့နယ်၌ နေထိုင်သော ဦးမောင်စိုးသေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ပေါက်တောမြို့နယ်ရှိ တောင်းဖူးရွာကိုလည်း ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်က စစ်တွေမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ် လက်အောက်ခံ အမှတ် ၁၂ ရဲတပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေါ်ဦးဝင်းသာ အသက် ၃၀ နှစ်နှင့် ဒေါ်ဦးအေးသန်း အသက် ၄၆ နှစ် တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အနောက်ဘက်ရှိ ကျေးရွာများကိုလည်း ရွှေဘိုလေ့ကျင့်ရေး ၈ ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ညအချိန် လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး ကျေးရွာများအနီး ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article