26 C
Yangon

ဘောလခဲမြို့မ ရဲစခန်းမှ ရဲတပ်သား ၄ ဦးနှင့် ရဲမေ ၂ ဦး လက်နက် ၆ လက် ယူဆောင်လာပြီး အလင်းဝင်၊ ကနီမြို့မရဲစခန်းမှ ရဲမေ ၁ ဦး လက်ပစ်ဗုံး ၁ လုံးယူဆောင်လာပြီး မိသားစုနှင့် အတူ အလင်းဝင်

Must read

ဘောလခဲမြို့မ ရဲစခန်းမှ ရဲတပ်သား ၄ ဦးနှင့် ရဲမေ ၂ ဦး လက်နက် ၆ လက် ယူဆောင်လာပြီး အလင်းဝင်၊ ကနီမြို့မရဲစခန်းမှ ရဲမေ ၁ ဦး လက်ပစ်ဗုံး ၁ လုံးယူဆောင်လာပြီး မိသားစုနှင့် အတူ အလင်းဝင်

ရန်ကုန်၊ ဇန်နဝါရီ ၆

ကရင်နီပြည်နယ်၊ ဘောလခဲမြို့မ ရဲစခန်းမှ ရဲတပ်သား ၄ ဦးနှင့် ရဲမေ ၂ ဦး လက်နက် ၆ လက် ယူဆောင်လာပြီး အလင်းဝင်ကြောင်း KNDF ဗဟိုနှင့် သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဘောလခဲမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် အမျိုးသား ၃ ဦး ၊ အမျိုးသမီး ၂ ဦးတို့သည် လက်နက် ၅ လက်နှင့် ကျည်ဆန်များ ယူဆောင်လာပြီး KNDF ထံ အလင်းဝင်လာကြောင်း၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရဲတပ်သား အမျိုးသား ၁ ဦးသည် မိသားစုနှင့်အတူ လက်နက် ၁ လက် ယူဆောင်လာပြီး KNDF ထံ ထပ်မံ အလင်းဝင်လာကြောင်း သိရသည်။

KNDF ထံ အလင်းဝင်လာသ​ော သူများကို ၎င်းတို့၏ ဆန္ဒများအတိုင်း သွားလာနေထိုင်ခွင့်များပေးထားပြီး ခံစားခွင့်ရရှိမည့် ဆုကြေးများကို ပေးအပ်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များ ၊ စစ်ကောင်စီတပ်သားများ အနေဖြင့် ယခုကာလအတွင်း လမ်းမှန်ပေါ်လျှောက်၍ ပြည်သူနှင့် ယုံကြည်စိတ်ချစွာ ပူးပေါင်းလာကြပါရန် တိုက်တွန်းလိုပြီး လူ့ဂုဏ်သိက္ခာနှင့်အညီ လုံခြုံစိတ်ချမှုကိုလည်း မိမိတို့ဖက်မှ ပြည့်ဝစွာ အာမခံကြောင်း KNDF ဗဟိုနှင့် သတင်းပြန်ကြားရေးဌာနက အသိပေး ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကနီမြို့မရဲစခန်းမှ ရဲမေတစ်ဦး လက်ပစ်ဗုံးတစ်လုံး ယူဆောင်ကာ မိသားစုနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် – ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၃ ရက်နေ့က ကနီမြို့နယ်၊ မြို့မရဲစခန်းတွင် တာဝန်ကျနေသော ရဲမေ မဇင်မာလွင်သည် ရဲစခန်းအတွင်းမှ လက်ပစ်ဗုံးတစ်လုံးယူဆောင်ကာ မိသားစုနှင့်အတူ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်း ခိုလုံလာခဲ့သဖြင့် ကောင်းမွန်စွာလက်ခံထားပြီး ဆုငွေပေးအပ်ကာ ၎င်းတို့သဘောဆန္ဒအလျောက် စီ စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“သူယူဆောင်လာတဲ့ ပစ္စည်းအပေါ်မှာ မူတည်ပြီး ဆုချီးမြှင့်ပေးထားတယ်၊ နေရေး ထိုင်ရေးကတော့ လက်နက်ပစ္စည်းမပါလဲ ပုံမှန်စီစဉ်ပေးထားတယ်၊ သူယူဆောင်လာတာ လက်ပစ်ဗုံးတစ်လုံးအတွက် ပြင်ပေါက်ဈေးအတိုင်း ထိုက်သင့်တဲ့ဟာ ပြန်ပေးတာပေါ့၊ လက်နက်တွေပါလာတာရင်တော့ သိန်း ဆယ် ချီပြီး ဆုချီးမြှင့်ပါတယ်၊ လေလောဆယ်အနေအထားမှာတော့ သူ့ကို နေထိုင်စားသောက် ဖို့ အဆင်ပြေအောင် စီစဉ်ပေးထားတယ်၊ သူ့သမီးလေးဆိုရင် ၅ လပဲရှိသေးတာ” ဟု အာဏာရှင် တော် လှန်ရေးပြည်သူ့တပ်မတော် – ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲများအနေဖြင့် ဘက်ပြောင်းခိုလှုံလာပါက နွေး ထွေးစွာကြိုဆိုနေမည်ဖြစ်ပြီး ထိုက်သင့်သော ဆုငွေများလည်း ပေးသွားမည်ဖြစ်ကြောင်း၊ တိုက်ပွဲ အတွင်း လက်နက်ချအညံ့ခံပါက စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း အသိပေး ထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article