29 C
Yangon

ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများမှ ပြည်သူများကို ဖမ်းဆီးပြီး စစ်တပ်က ဆက်လက် စစ်ကြောင်းထိုးနေ၍ ပြည်သူ ၅၀၀၀ ကျော်ထပ်မံ ထွက်ပြေးနေရကာ ကံသာယာရွာကို မီးရှို့နေ

Must read

ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများမှ ပြည်သူများကို ဖမ်းဆီးပြီး စစ်တပ်က ဆက်လက် စစ်ကြောင်းထိုးနေ၍ ပြည်သူ ၅၀၀၀ ကျော်ထပ်မံ ထွက်ပြေးနေရကာ ကံသာယာရွာကို မီးရှို့နေ

ရန်ကုန်၊ ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများမှ ပြည်သူများကို ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်က ဆက်လက် စစ်ကြောင်းထိုးနေ၍ ပြည်သူ ၅၀၀၀ ကျော်ထပ်မံ ထွက်ပြေးနေရကာ ကံသာယာရွာကို မီးရှို့နေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့တွင် ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ မြင်းဒေါင်းရွာ၌ ၃ ညအိပ် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တဲစုရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးကာ ပြည်သူ ၂ ဦးကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားပြီး မြစ်တော်ရွာမှ တစ်ဆင့် ကံသာယာရွာကို ရောက်ရှိနေပြီး မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

လက်ရှိချိန်တွင် မြင်းဒေါင်းရွာ၊ မြစ်တော်ရွာ၊ သာဂရရွာ၊ ဂွေးကုန်းရွာ၊ တဲစုရွာ၊ ကံသာယာရွာ၊ ဘအိုးရွာ၊ ကန်သစ်ရွာနှင့် မောက်ပက်ရွာတို့မှ ပြည်သူ ၅၀၀၀ ကျော် ထပ်မံထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“စစ်ခွေးတွေက မြင်းဒေါင်းရွာကနေ တဲစုရွာကို အလစ်ငိုက်ဝင်စီးခဲ့တာ​ ရွာခံအမျိုးသား ၃ ဦးဖမ်းဆီးခံခဲ့ရတယ် ၁ ဦးကတော့ ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန် ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်ထားပြီး မြစ်တော်ရွာကနေတစ်ဆင့် ကံသာယာရွာကို ရောက်ရှိနေတယ်။ အင်တိုင်းရွာနဲ့ မြင်းဒေါင်းရွာက ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၃၀ ခန့်ကို ပြန်လွှတ်မလွှတ်အတည်မပြုနိုင်သေးဘူး။ ၃ ရက်နေ့ကတည်းက အဖမ်းခံထားရတဲ့ ပြည်သူ ၃၀ လောက်က မနေ့ညကအထိ ဖမ်းခေါ်ထားတုန်းပဲလို့ သိရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article