27 C
Yangon

ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး၊ နွားထိုးကြီးမြို့နယ်၊ ဖောင်းပြင်ရွာ၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်

Must read

ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး၊ နွားထိုးကြီးမြို့နယ်၊ ဖောင်းပြင်ရွာ၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၆ ရက်နေ့တွင် ခင်ဦးမြို့နယ် မြင်းဒေါင်းရွာမှ ခင်ဦးမြို့ကို စစ်ကြောင်းထိုးလာသော အင်အား ၇၈ ဦးပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ခင်ဦးမြို့နယ် ပကဖမှ ဦးဆောင်ပြီး ဒေသကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ကာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော စစ်သား အလောင်းများကို ခင်ဦးမြို့ မီးသင်္ဂြိုလ်စက်၌ မီးသင်္ဂြိုလ်နေပြီး ဒဏ်ရာရရှိသူ ၅ ဦးကို ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ခင်ဦးမြို့နယ် ပကဖ တပ်စိပ်များနှင့်အတူ တိုက်နယ် ၁၊ ၃ ကာကွယ်ရေးအဖွဲ့များ၊ မြို့ပြပြောက်ကျားအဖွဲ့များနှင့် ဒေသကာကွယ်ရေးအဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇန်နဝါရီလ ၃ ရက်နေ့မှ စတင်ပြီး ရေဦးမြို့မှ ထွက်ခွာလာကာ မြင်းဒေါင်းရွာကို ၃ ရက်တိတိ အခြေချတပ်စွဲခဲ့ပြီး ယနေ့ မွန်းလွဲပိုင်းတွင် ခင်ဦးမြို့ကို ပြန်လည် မဝင်ရောက်မီ ကံသာယာကျေးရွာရှိ ပြည်သူပိုင်နေအိမ် ၁ လုံးနှင့် ကျေးရွာကင်းတဲ ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဖောင်ကျင်းကျေးရွာ၊ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ မှ ဒုတာဝန်ခံ ကိုလေးလှိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၄ ရက် မွန်းလွဲ ၂ နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ ဖောင်ကျင်းကျေးရွာရှိ ရွာဦး ဘုန်း တော်ကြီး ကျောင်းတွင် အထိုင်ချ တပ်စွဲကာ ပြည်သူများကို ဆက်ကြေးတောင်း၊ ဓားပြတိုက်၊ လု ယက် မှုများ ပြုလုပ်နေကြသော စစ်သား၊ ရဲ‌ နှင့် ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီခန့်အထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများမှာ အနည်းငယ်သာ ပြန်လည်ပစ် ခတ်နိုင်ခဲ့ပြီး ညနေ ၃ နာရီအချိန်တွင် စစ်ကူများရောက်ရှိလာသဖြင့် စခန်းသိမ်းနိုင်ခြင်းမရှိပဲ ပြန် လည်ဆုတ်ခွာခဲ့ရကြောင်း၊ သေဆုံးဒဏ်ရာရ စစ်ကောင်စီတပ်သားများကို လာရောက်သော ကားများ ဖြင့် သယ်ဆောင်သွားပြီး အရေအတွက် အတိကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့်အတူ တော်လှန်ရေး မဟာ မိတ် အင်အားစုများဖြစ်ကြသည့် မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၆ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်းနှင့် မန္တလေးခရိုင် အမှတ် ၃ တပ်ရင်း တို့ ပူးပေါင်းကာ လက်နက်ကြီး ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article