30 C
Yangon

ဝက်လက်မြို့နယ်၊ ရှိမ်းမကား ရဲစခန်းကို ရိက္ခာလာပို့သည့် သင်္ဘောများကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

Must read

ဝက်လက်မြို့နယ်၊ ရှိမ်းမကား ရဲစခန်းကို ရိက္ခာလာပို့သည့် သင်္ဘောများကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကား ရဲစခန်းကို ရိက္ခာလာပို့သည့် သင်္ဘောများကို ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း တောကြီးမြွေပွေးစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ရှိမ်းမကားစခန်းကို ရိက္ခာလာပို့သည့် အကြမ်းဖက် စစ်တပ်၏ သင်္ဘောများကို ရှိမ်းမကား စခန်းအနီး ပစ်ခတ် တိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲ ၃ နာရီခန့် ဖြစ်ပွားပြီး သင်္ဘောများ ရှိမ်းမကားရဲစခန်းကို ဆက်မသွားနိုင်တော့ဘဲ ရွာသာရွာဘက်ကို ပြန်လည်ဆုတ်ခွာ သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ ယင်း တိုက်ခိုက်မှုကို တောကြီးမြွေပွေးစစ်ကြောင်း ၊ လျှပ်စီးတပ်ဖွဲ့နှင့် ရှိမ်းမကားတိုက်နယ် ပကဖတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article