29 C
Yangon

မိုးမိတ်နှင့်နောင်ချိုတွင် တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး များဖြင့် တိုက်ခိုက်မှုကြောင့် TNEC ကျောင်းဆရာမ ၃ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံး၊ ဘုန်းကြီး၊ သီလရှင်ကျောင်း အပါအဝင် နေအိမ် ၁၄ လုံးပျက်စီး

Must read

မိုးမိတ်နှင့်နောင်ချိုတွင် တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး များဖြင့် တိုက်ခိုက်မှုကြောင့် TNEC ကျောင်းဆရာမ ၃ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံး၊ ဘုန်းကြီး၊ သီလရှင်ကျောင်း အပါအဝင် နေအိမ် ၁၄ လုံးပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်နှင့် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်ဖြစ်နေပြီး အကြမ်း ဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် TNEC ကျောင်း ဆရာမ ၃ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံးကာ၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းအပါအဝင် နေအိမ် ၁၄ လုံးပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၇ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် မိုင်းမိတ်မြို့နယ်၊ မြစ်ဆုံ၌ အကြမ်းဖက် စစ် ကောင်စီတပ်မှင့် တအာင်းတပ်မတော် PSLF/TNLA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို့အပြင် နောင်ချိုမြို့နယ်၊ ကျောက်မဲလေးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/ TNLA ၊ MDY PDF ပူပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ် စစ်ကောင်စီတပ်မှ ဟိုကျန့်၊ ပန်ကူ၊ ပန်ဆေး၊ လွယ်ဆိုင်၊ လွယ်အွန်းကျေးရွာတွင် Y12 လေယာဥ်ဖြင့် ၉ ကြိမ် ဗုံး ၅၉ လုံး လာရောက်ကြဲချ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ သီလရှင်ကျောင်း ၁ ကျောင်းနှင့် လူနေအိမ် ၂ လုံး ကျည်စထိမှန် ပျက်စီးခဲ့ကြောင်း သိရ သည်။

ထို့ပြင် မိုးမိတ်မြို့နယ် စစ်ကောင်စီတပ်မှ စင့်ကင်(ကျန်ကန်)ကျေးရွာ၊ အထက်ညောင်ကုန်း ကျေး ရွာသို လက်နက်ကြီးဖြင့် ၃၄ ကြိမ်၊ လားရှိးမြို့နယ် စစ်ကောင်စီ ၆၈ ဂိတ်တပ်မှ ဟိုလောင် ကျေးရွာ၊ ပန်ဖတ်ကျေးရွာအနီးတဝိုက်သို လက်နက်ကြီးဖြင့် အကြိမ် ၅၀ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

နောင်ချိုမြို့နယ် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားရာ ကျောက်မဲလေးကျေးရွာသို Mi35 ဖြင့် ၅ ကြိမ်၊ Jet Fighter ဖြင့် ၆ ကြိမ်၊ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျောက်မဲလေးရွာရှိ လူနေအိမ် ၃ လုံး ကျည်စထိမှန် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၇ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် နမ့်ဆန်မြို့နယ် မြိုသစ်ကျေးရွာရှိ စာသင် ကျောင်းကို စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ၂ ကြိမ် ဗုံး ၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ TNEC ကျောင်းဆရာမ ၃ ဦးအပါအဝင် ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီးပြည်သူ ၆ ဦး ကျည်စထိမှန် ဒဏ်ရာ အပြင်းအထန်ရခဲ့ကြောင်း၊ ထိုပြင် လူနေအိမ် ၇ လုံး ကျည်စထိမှန် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article