ဆားလင်းကြီးရှိ တရုတ် ၀မ်ပေါင်ကြေးနီစီမံကိန်းအတွက် လုံခြုံရေး ယူထား သော စစ်ကောင်စီ ကင်းစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က တိုက် ခိုက်
ရန်ကုန်၊ ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်း ဆားလင်းကြီးနယ် ၀မ်ပေါင်ကြေးနီစီမံကိန်းအတွက် လုံခြုံရေး ယူပေးထားသော စစ်ကောင်စီတပ်ဖွဲ့ရဲ့ကင်းစခန်းကို ဒေသတွင်းကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီလ ၆ ရက်နေ့မှာ တိုက်ခိုက်ခဲ့တယ်လို့ ဗမာ လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
၀မ်ပေါင်ကြေးနီစီမံကိန်းကို လုံခြုံရေးပေးနေပြီး ဒေသတွင်း ခရီးသွား ပြည်သူ တွေကို ဖမ်းဆီး ငွေညှစ်လေ့ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကိုဗမာလွတ် မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) , SALINGYIGZ , Brother Army ,မုံရွာခရိုင် တပ်ရင်း ( ၂၅ )တပ်ခွဲ ( ၂ )တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၁ ယောက်သေပြီး ၂ ဦး ထိခိုက် ဒဏ်ရာ ရခဲ့ကာ ဒေသပြည်သူကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေ အထိ အခိုက် မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြ တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဓာတ်ပုံ- တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းကို လုံခြုံရေးယူထားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)