32 C
Yangon

မုံရွာမြို့ပေါ်ကို ဆေးကုရန် တက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် ထိခိုက်သေဆုံးသူများပြား

Must read

မုံရွာမြို့ပေါ်ကို ဆေးကုရန် တက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် ထိခိုက်သေဆုံးသူများပြား

ရန်ကုန်၊ ဇန်နဝါရီ ၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ကို ဆေးကုရန် တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၅ ဦးသေဆုံးကြောင်း Black Falcon Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့တွင် မုံရွာမြို့နယ် စွမ်းရည်ထက်ဂိတ်မှ ညောင်ဖြူပင် ရဲစခန်းကို ရိက္ခာလာပို့သည့် အင်အား ၄၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ဗိုလ်ကြီး ၁ ဦးနှင့် စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းမိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသော စစ်သားများကို တောပုပျူစောထီးရွာသို့ ထမ်းစင်များဖြင့် ပို့ဆောင်ပြီး တောပုရွာမှ စစ်သားများနှင့် စွမ်းရည်ထက်ဂိတ်မှ စစ်သားများ ခေါ်ဆောင်ကာ အင်အား ၂၀ ကျော်ဖြင့် မုံရွာ-မန္တလေး အမြန်လမ်းမကြီးအတိုင်း ခြေလျင်ဆင်းလာပြီး ပြည်သူပိုင် ၁၂ ဘီးကား နှင့် အိမ်စီးကားကို လုယူမောင်းနှင်လာပြီး မုံရွာမြို့ပေါ် ဆေးကုရန်တက်လာစဥ် တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်များ၊ ရှေ့ထွက်မိုင်း၊ ပဒေသာမိုင်း အလုံး ၂၀ ကျော်ဖြင့် မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၁၅ ဦး သေဆုံးပြီး ၆ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြာင်း သိရှိရသည်။

“ကျွန်တော်တို့ Black Falcon Guerrilla Force နဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာ ကား ၂ စီးလုံး ပေါ်ပါလာတဲ့ ခွေးအားလုံး ၁၅ ကောင်သေပြီး ၃ ကောင်ပဲ ကားအောက်ဆင်းလာပြီး ပြန်လည်ပစ်ခတ်နိုင်ခဲ့တယ်။ မုံရွာမြို့အဝင် မအူခွေးဂိတ်က စစ်ခွေးတွေက ၆၀ မမ တွေဖြင့် တိုက်ပွဲဖြစ်ရာ နေရာကို လက်နက်ကြီးပစ်ကူပေးတယ်။ စွမ်းရည်ထက်ဂိတ်က စစ်ခွေးတွေကလည်း စစ်ကူ ထွက်လာလို့ လက်နက်တက်မကောက်နိုင်ဘဲ ရဲဘော်တွေ အထိခိုက်မရှိ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု Black Falcon Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Falcon Guerrilla Force ၊ Democratic Guerrilla Force နှင့် မုံရွာခရိုင်တပ်ရင်း ၇ တပ်ခွဲ ၃ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article