32 C
Yangon

ပြင်ဦးလွင်နှင့်လားရှိုးတွင် တော်လှန်ရေးတပ်များ လာရောက်တိုက်ခိုက် မည် ဆိုသည့် သတင်းကြောင့် တပ်မိသားစုဝင်များ စိုးရိမ် ထိတ်လန့်နေပြီး စစ်ကောင် စီက တပ်ပြင်ပထွက်ခွင့်ပိတ်ပင်ထား

Must read

ပြင်ဦးလွင်နှင့်လားရှိုးတွင် တော်လှန်ရေးတပ်များ လာရောက်တိုက်ခိုက် မည် ဆိုသည့် သတင်းကြောင့် တပ်မိသားစုဝင်များ စိုးရိမ် ထိတ်လန့်နေပြီး စစ်ကောင် စီက တပ်ပြင်ပထွက်ခွင့်ပိတ်ပင်ထား

■ “ပြင်ဦးလွင် အေးချမ်းနေပါတယ် ” ဆိုသည့် စာသားကို လူမှုကွန်ရက်တွင် စစ်ကောင်စီက တပ်မိသားစုအားလုံးကို တင်ခိုင်းနေ

ရန်ကုန်၊ ဇန်နဝါရီ ၁၀

မန္တလေးတိုင်း၊ ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်၊ လားရှိုးမြို့တို့တွင် တော်လှန်ရေး တပ်များက လာရောက်တိုက်ခိုက်မည်ဆိုသော သတင်းများ ကျယ်ကျယ် ပြန့် ပြန့် ထွက်ပေါ်နေသဖြင့် စစ်တပ်မိသားစုများ စိုးရိမ်ထိတ်လန့်နေကြပြီး စစ် ကောင် စီကလည်း တပ်ပြင်ပ ထွက်ခွင့် ပိတ်ပင်ထားကြောင်း တပ်သတင်း ရင်းမြစ်များက ပြောဆိုသည်။

MNDAA ဦးဆောင်သော တော်လှန်ရေးတပ်များက လားရှိုးမြို့သို့ လာရောက် နေပြီး မြို့ပတ်ပတ်လည်တွင် တပ်များစွဲထားပြီ ဖြစ်ကြောင်း၊ ဒရုန်းများ အသုံး ပြု၍ မကြာမီ လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကိုပင် တိုက် ခိုက် မည်ဖြစ်သည် ဆိုသော သတင်းများ ထွက်ပေါ်နေသဖြင့် တပ်အတွင်းရှိ မိသားစုဝင်များ စိုးရိမ်ထိတ်လန့်နေကြကာ တချို့မှာ ရန်ကုန်၊ မန္တလေးသို့ ကားများဖြင့် ဆင်းပြေးကြကြောင်း သိရှိရသည်။

“လားရှိုးမှာကတော့ ပြေးတာက တပ်မိသားစုရော၊ အရပ်သားတွေရော အကုန်ပြေးနေကြတာ။ တော်လှန်ရေးတပ်တွေ ဝင်တော့မယ်ဆိုတဲ့ သတင်းတွေကြောင့်။ တပ်မိသားစုဝင်တွေလည်း တချို့လည်း ကြံဖန် လစ်ထွက်ပြီး ရန်ကုန်၊ မန္တလေး၊ တောင်ကြီး ဘက်တွေ ပြေးကြတယ်။ မန္တလေးဆင်းတာပိုများတယ်။ အခု တပ်မိသားစုတွေ ပြန်တာများလွန်းလို့ တပ်ထဲမှာ အပြင်ထွက်ခွင့်ပိတ်ထားပြီ။ တကယ်လို့ တော်လှန်ရေး တပ်တွေ လာတိုက်မယ်ဆိုရင် ကျန်ရှိတဲ့ တပ်မိသားစုတွေကို ဒုက္ခသည်တွေနဲ့ ရောလွှတ်ပေးမယ်လို့ တပ်ရင်းမှူး၊ တပ်မမှူးတွေ၊ တိုင်းမှူးတွေက စစ်သည်နဲ့အရာရှိတွေကို မှာကြားပြီး တပ်ထွက်ခွင့် ပိတ်လိုက်တာ” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ပြင်ဦးလွင်တွင်လည်း ပြင်ဦးလွင် အဝင်စစ်တပ် ဂိတ်စခန်းဖြစ်သော ကျောက်မဲလေးကျေးရွာ စစ်တပ်စခန်း ကို TNLA ၊ PDF တပ်များက တိုက်ခိုက်နေသဖြင့် တပ်မိသားစုများ ပြင်ဦးလွင် အတွင်းထဲသို့ တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ် နေကြကြောင်း၊ လားရှိုးနည်းတူ ပြင်ဦးလွင်တွင်လည်း တပ်မိသားစုဝင်များ အပြင်ထွက်ခွင့်ပိတ်ပင်ထားပြီး တိုက်ပွဲများဖြစ်ပွားလျှင် တပ်မိသားစုများကို ဦးစားပေး အစီအစဉ်ဖြင့်‌ ရွှေ့ပြောင်းမည်ဟု စစ်ကောင်စီက ကတိပြုထားကြောင်း သိရှိရသည်။

ထို့ပြင် လူမှုကွန်ရက်များတွင် “ပြင်ဦးလွင် အေးချမ်းနေပါတယ်” ဆိုသော စာသားများကို လူမှုကွန်ရက်တွင် တင်ကြရန် စစ်ကောင်စီက ပြင်ဦးလွင်ရှိ တပ်မိသားစုအသိုင်းအ၀ိုင်းကို ညွှန်ကြားထားကြောင်း သိရှိရသည်။

“ပြင်ဦးလွင် တစ်မြို့လုံးလည်း ခံစစ်ပြင်ကြတယ်။ အဲဒီလိုတွေ ခံစစ်တွေ ပြင်လေ တပ်မိသားစုတွေက ကြောက်လေပဲ။ ဗိုလ်ကတော်တွေလည်း ခွင့်အမျိုးမျိုးရအောင် တင်ကြပေမယ့် အရမ်းများလာတော့ ပေးမပြန်တော့ဘူး။ မိသားစုဝင်အရင်းတွေ ပေးမပြန်တော့ဘူး။ အမေတို့ ယောက္ခမတို့တော့ ပေးပြန်တယ်။ တကယ်လို့ တိုက်ပွဲတွေဖြစ်လာရင် မိသားစုဝင်အရင်းတွေကို ဦးစားပေးအနေနဲ့ ရွှေ့ပေးမယ်လို့ တပ်တွင်းမှာ ပြောထားတယ်။ အဓိက ထွက်ပြေးမှာစိုးလို့။ နောက်ထူးခြားတာက ပြင်ဦးလွင် အေးချမ်းနေပါတယ် ဆိုတဲ့ စာသားတွေကို လူမှုကွန်ရက်မှာ တင်ကြဖို့ တပ်ထဲမှာ နှုတ်နဲ့ ညွှန်ကြားတယ်” ဟု ပြင်ဦးလွင်တပ်သတင်းရင်းမြစ်က ရှင်းပြသည်။

စစ်ကောင်စီက ပြင်ဦးလွင် အဝင်အထွက်အားလုံးကို ခံစစ်ပြင်ထားပြီး ပြင် ဦးလွင် အတက် ၂၄ မိုင် ရဲအရာရှိသင်တန်း ကျောင်းတွင် ခံစစ် အကြီး အကျယ် ပြင်ဆင်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article