30 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၁၀ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ပြင်ဦးလွင် နဲ့ လားရှိုးမှာ တော်လှန်ရေးတပ်တွေ လာရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းကြောင့် တပ်မိသားစုဝင်တွေ စိုးရိမ် ထိတ်လန့်နေပြီး စစ်ကောင် စီက တပ်ပြင်ပကို ထွက်ခွင့်ပိတ်ပင်ထား သလို ၊”ပြင်ဦးလွင် အေးချမ်းနေပါတယ် ” ဆိုတဲ့ စာသားကိုလည်း လူမှုကွန်ရက်မှာ စစ်ကောင်စီက တပ်မိသားစု အားလုံးကို တင်ခိုင်းနေတယ်လို့ တပ်တွင်းသတရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– ရုခိုင်ပြည်နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ မြောက်ဦးအခြေစိုက် ခမရ ၅၄၀ စစ်ကြောင်းကို ရက္ခိုင့်တပ်တော် AA က ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေသွားတဲ့အပြင် ၊ ပလက်၀က စစ်ကောင်စီ တပ်စခန်းတွေကို AA က ချေမှုန်းမှုအတွင်းမှာလည်း စစ်ကောင်စီတပ်သား အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိထားတယ်လို့ ရက္ခိုင့်တပ်တော် AA က တရားဝင် ထုတ်ပြန်ထားပါတယ်။

– မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က ဆေးခင်းကြီးကျေးရွာအနီးမှာ တော်လှန်ရေးတပ်ပေါင်းစုနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၀ ဦး ထက်မနည်းသေဆုံးသွားတဲ့ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article