27 C
Yangon

ဖယ်ခုံမြို့၊ မြို့မကျောင်းအနီးတဝိုက်ကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု နေအိမ်များ ပျက်စီး

Must read

ဖယ်ခုံမြို့၊ မြို့မကျောင်းအနီးတဝိုက်ကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်နီတော်လှန် ရေး တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့တွင်ဖယ်ခုံမြို့၊မြို့မကျောင်းအနီးတဝိုက်ကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ လက်နက်ကြီးများဖြင့်လည်းပစ်ခတ်လျက်ရှိနေပြီး အသေးစိတ်အခြေအနေကို သိရှိရခြင်းမရှိကြောင်း သိရသည်။

“ဗုံးကျဲသွားတာ ဟုတ်တယ်၊ ပြီးတော့ လက်နက်ကြီးတွေနဲ့လည်း အခုထိ ထုနေတုန်းပဲ၊ အသေးစိတ် တော့မသိရသေးဘူး၊ တိုက်ပွဲကတော့ ကြိုကြား ထိတွေ့မှုရှိတယ်၊ အခုထိလည်း ထိတွေ့မှု အနည်း ငယ်ဖြစ်နေတုန်းပါ” ဟု ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article