Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– တရုတ်နိုင်ငံရဲ့ ကြားဝင် မှုနဲ့ ရှမ်းမြောက်မှာ ညီနောင် ၃ ဖွဲ့ သိမ်းပိုက်ထားတဲ့ မြို့ ၁၇ မြို့နဲ့ စခန်းပေါ့င်း ၅၀၀ နီးပါးကို စစ်ကောင်စီက ထိုးစစ်ဆင်တာမျိုး လာမလုပ်ဖို့ သဘောတူလိုက်ပြီး ၊ ရှမ်းမြောက်တစ်ခုတည်းမှာပဲ အပစ်အခတ်ရပ်စဲပေးလိုက်သလို၊ စစ်အာဏာရှင် အမြစ်ဖြတ်ရေး အတွက် ပြည်သူတွေကို ညီနောင် ၃ ဖွဲ့က ကတိပေး ထားတဲ့အတိုင်း ဆက်လက်ပါဝင်မှာ ဖြစ်တယ်လို့ ညီနောင် ၃ ဖွဲ့ နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– ပလက်၀မြို့နယ်မှာ ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီရဲ့ ပလက်၀ နယ်မြေခံ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ ဆိုသူကို ဒီကနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းမှာပဲ ဖမ်းဆီးရရှိထားတယ်လို့ ရခိုင့်တပ်တော် AA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။
– မကွေးတိုင်း၊ မြိုင်မြို့အထွက်က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေကနေ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ရဲ ၂ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။