27 C
Yangon

မင်းတုန်းမြို့နယ်၊ အလယ်ချောင်းရွာ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

Must read

မင်းတုန်းမြို့နယ်၊ အလယ်ချောင်းရွာ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၂

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ အလယ်ချောင်းကျေးရွာ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော် – SAF ထံမှ သိရသည်။

ဇန်နဝါရီလ ၈ ရက် နံနက် ၆ နာရီခန့်က မင်းတုန်းမြို့နယ် အလယ်ချောင်းရွာရဲစခန်းအား ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုကု်ပွဲ ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၇ ဦးခန့်သေဆုံးကာ ၆ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျောင်းသားလက်ရုံး‌‌တပ်တော် (SAF)၊ သရက်ခရိုင်တပ်ရင်း-၄ (Eagle Force) နှင့် လွတ်မြောက်ရေးအင်အားစု စစ်သည်တော်များတပ်ဖွဲ့ (WOLF) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော် ၁ ဦး မျက်လုံးအောက်တွင် ကျည်ထိမှန်ဒဏ်ရာနှင့် မဟာမိတ်တပ်ဖွဲ့မှ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

‌ကျောင်းသားလက်ရုံး‌တပ်တော်(SAF)သည် “လူထုလွတ်မြောက်ရေးနှင့်နိုင်ငံတော်သစ်ဆီသို့” ဦး လည် မသုန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #SAF #EagleForce #WOLF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article