24 C
Yangon

ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီးမှု နေအိမ် ၇၀ ကျော် ပြာကျပြီး ကျေးရွာ ၁၁ ရွာမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီးမှု နေအိမ် ၇၀ ကျော် ပြာကျပြီး ကျေးရွာ ၁၁ ရွာမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

■ ရေတာရှည်မြို့နယ်၊ သဖန်းဇင်ရွာရှိ နေအိမ် ၇ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီးမှု နေအိမ် ၇၀ ကျော် ပြာကျပြီး ကျေးရွာ ၁၁ ရွာမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ညောင်ဇင်လေးရွာပျူစောထီး အထိုင်စခန်းမှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် မင်းကုန်းရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်၍ နေအိမ် ၄၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီခန့်တွင် ညောင်ဇင်ကြီးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ပြည်သူပိုင် နေအိမ် ၃၀ ကို ထပ်မံ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း ထန်းကုန်းတိုက်နယ်အတွင်းရှိ တောင့်တည်းကုန်းရွာ၊ ကိုးမြို့ရွာနှင့် သရက်ခေါင်းရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့ရာ တောင့်တည်းကုန်းရွာမှ နေအိမ် ၁၂ လုံးနှင့် သရက်ခေါင်းရွာမှ နေအိမ် ၃၁ လုံးပျက်စီးဆုံးရှုံးကာ ကိုးမြို့ရွာရှိ ပြည်သူပိုင် နေအိမ်များ ပျက်ဆီး ဆုံးရှုံးမှု စာရင်းကို စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ ၂ ရက်ဆက် မီးရှို့ ဖျက်ဆီးခြင်းကြောင့် ထန်းကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာ ၅ ရွာမှ နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်ဆီးဆုံးရှုံးထားပြီး ကျေးရွာ ၁၁ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့၌ ချင်မြစ်ကျင်းရွာထဲက်ု ရောက်ရှိနေပြီး လက်နက်ကြီးများဖြင့် ဘေးပတ်ပတ်လည်ရွာများကို ရမ်းသမ်း ပစ်ခတ်နေကြောင်းသိရသည်။

အလားတူ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ သဖန်းဇင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်နေအိမ် ၇ လုံးကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ကန့်ဘလူမြို့နယ် #အကြမ်းဖက်စစ်တပ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article