27 C
Yangon

မင်းလှမြို့နယ်နှင့် ရေတာရှည်မြို့နယ် တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး၊ စစ်တပ်က မီးရှို့ဖျက်ဆီးမှု​ နေအိမ် ၇ လုံးနှင့် ကြံခင်း ၉ ဧက မီးလောင်ပြာကျ

Must read

မင်းလှမြို့နယ်နှင့် ရေတာရှည်မြို့နယ် တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး၊ စစ်တပ်က မီးရှို့ဖျက်ဆီးမှု​ နေအိမ် ၇ လုံးနှင့် ကြံခင်း ၉ ဧက မီးလောင်ပြာကျ

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင်း ပဲခူးရိုးမပေါ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် သား ၇ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၁ ရက် နံနက် ၁၁ နာရီခန့်က မင်းလှမြို့နယ်အပိုင် ရိုးမပေါ်သို့ စစ်ကြောင်း ထိုးလာ သည့် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ကျွန်းကုန်းကျေးရွာ ချောင်းမကြီး တံတားအနီး အ ရောက် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ သေဆုံးဒဏ်ရာရ စစ်သားအလောင်းများကို နားရေး အသင်း ကားများဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

“၁၁ ရက်နေ့ ကျွန်းကုန်းတံတား တံတားနားမှာ မိုင်းဆွဲတော့ ခွေးတွေကြောက်ပြီး ထွက်ပြေးကြ တယ်၊ အင်အားက ၅၀ ကျော်ပါတာ၊ မိုင်းဆွဲပြီး အပြန်အလှန်ပစ်ခတ်မှုက မိနစ် ၂၀ လောက်ကြာ တယ်၊ သူတို့ဘက်က နောက်မှ ပြန်ပစ်တာ၊ ကျနော်တို့က ချောက်ကမ်းပါးအမြင့်ကနေ အပေါ်စီး ကနေ ပစ်တာမို့ စစ်ခွေးတွေ တော်တော်သေတယ်၊ သိရတာဆိုရင် နာကူကားနဲ့ သယ်တာ အလောင်း ၁၄ လောင်း၊ ၇ လောင်းပဲ တိတိကျကျ အတည်ပြုနိုင်တယ်၊ အလောင်းသယ်တာကို ဒေသခံတွေ တော်တော်များများ သိကြတယ်၊ အခုဆိုရင် မိုင်းဆွဲမှာကြောက်လို့ ခွေးတွေက လမ်းပေါ်ကနေ မသွား ရဲတော့ဘူး” ဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၂ ရဲဘော်များမှ လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ လုပ်ဆောင် နိုင်ခဲ့ကြောင်း၊ ဆက်လက်၍လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာနိုင်သောကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ကောင်စီတပ်သားများအနီး သွားလာနေထိုင်ခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ကြရန် သတိပေးထားသည်။

အလားတူ ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၉ နာရီ မိနစ် ၃၀ ခန့်က မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာသို့ဆိုင် ကယ် ၁၆ စီးဖြင့် တက်လာသော စစ်ကောင်စီယာဉ်တန်းကို ငမိုးရိပ်ကျေးရွာအနီးအရောက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“၁၀ ရက်နေ့ည စစ်ခွေးနဲ့ ရဲခွေးပေါင်းပြီး တက်လာတာကို မိုင်းဆွဲတာ၊ ဆိုင်ကယ် ၁၆ စီးပါတယ်၊ အဲဒီ ၁၆ စီးယာဉ်တန်းကို ခါးလယ်ကနေ မိုင်းဆွဲတာ၊ စစ်ခွေးသေမသေ စုံစမ်းမရဖြစ်နေတာ” ဟု သာယာ ဝတီခရိုင်တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် သာယာဝတီခရိုင် ဂဠုန်တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ သဖန်းဇင်ကျေးရွာကို ဝင်ရောက်မီးရှို့နေသော စစ် ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပုဝါနီစစ်ကြောင်းထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက် နံနက် ၇ နာရီခန့်က ရေတာရှည်မြို့နယ်၊ သဖန်းဇင်ကျေးရွာကို ၀င် ရောက်လာသော စစ်ကောင်စီ တပ်သားများကို သဖန်းဇင်တောင်ဘက်တဲကုန်းနှင့် ရွာမြောက်ဘက်၌ အသင့်ထောင်ထားသောမိုင်းများဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ထို့နောက် နေအိမ်များကို မီးရှို့နေသော စစ်ကောင်စီတပ်သားများကို ပုဝါနီစစ်ကြောင်းမှ ၀င်ရောက် တိုက်ခိုက်ရာ ရွာထိပ်၌ အသင့်နေရာယူထားသော စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ် ခတ်ကာရွာအတွင်း ၀င်ရောက်လာ‌သဖြင့် ပုဝါနီစစ်ကြောင်းမှ ရဲဘော်များ ပြန်လည်ဆုတ်ခွာ ပေးခဲ့ရ ကြောင်း သိရသည်။

နံနက် ၈ နာရီဝန်းကျင်ခန့်တွင် သဖန်းဇင်ကျေးရွာရှိ နေအိမ် ၇ လုံးနှင့် ကြံခင်း ၉ ဧကကို စစ်ကောင်စီ တပ်သားက မီးရှို့ဖျက်ဆီးနေစဉ် ပုဝါနီစစ်ကြောင်း၊ ကီးကူစစ်ကြောင်းနှင့် ၃၅၀၁ တပ်ခွဲ ၄ တို့မှ ပစ် ခတ် တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများမှာ ရွှေက ဇောင်းကျေးရွာ ဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း ပုဝါနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #မင်းလှမြို့နယ် #ရေတာရှည်မြို့နယ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article