24.6 C
Yangon

အပစ်ရပ်သဘောတူညီမှုကို ချိုးဖောက်ပြီး နောင်ချိုတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးဒဏ်ရာရကာ နေ အိမ် တချို့ပျက်စီး

Must read

အပစ်ရပ်သဘောတူညီမှုကို ချိုးဖောက်ပြီး နောင်ချိုတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးဒဏ်ရာရကာ နေ အိမ် တချို့ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်တပ်က အပစ်ရပ် သဘော တူညီချက်ကို ချိုးဖောက်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည် သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း ဒေသနေ ပြည်သူ များက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက် ညနေ ၆ နာရီခန့်က စတင်ပြီး ညနေ ၁၀ နာရီ ခန့် အထိ နောင်ချို မြို့တောင်ဘက်ရှိ အမှတ် ၆၀၆ ဒုံးတပ်မှ လယ်ကြီး တော ကျေးရွာအတွင်းသို့ ၁၂၀ မမ လက်နက် ကြီးဖြင့်လည်းကောင်း၊ ခမရ ၁၁၅ တပ် ကလည်း လယ်ကြီးတောကျေးရွာအတွင်းသို့ လက်နက်ကြီး ဖြင့် လည်း ကောင်း ပစ်ခတ်ခဲ့ရာ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာ ရရှိပြီး နေအိမ်အချို့ ထိခိုက် ပျက်စီးခဲ့ ကြောင်း သိရသည်။

“မနေ့ညက လယ်ကြီးတောကျေးရွာထဲမှာ TNLA တွေရှိတယ်ထင်ပြီး ၁၂၀ မမ လက်နက်ကြီးပစ်တာ၊ ၃ ဦးဒဏ်ရာရတယ်၊ သေဆုံးမှုတော့မရှိဘူး၊ ည ၁၀ နာရီ အထိပဲ၊ အပစ်ရပ်တယ်ပြောပြီး ထုနေတာ၊ အကုန်ပစ်သတ်နေတော့ပဲ၊ ပြည်သူ တွေ ရွာထဲမနေရဲလို့ Crown ဘိလပ်မြေစက်ရုံဝန်းထဲ စစ်ရှောင် နေရတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #TNLA #နောင်ချို #Crown

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article