26 C
Yangon

ရန်ကုန်မြို့၊ အင်းစိန် CID ရုံးရှေ့ဂိတ်ကို အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်

Must read

ရန်ကုန်မြို့၊ အင်းစိန် CID ရုံးရှေ့ဂိတ်ကို အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ မှုခင်းရဲတပ်ဖွဲ့(CID) ရုံးရှေ့ဂိတ်ကို အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Yangon Army အဖွဲ့က ထုန်ပြန်ထားသည်။

ယနေ့ ဇန်နဝါရီလ ၁၅ ရက် ည ၇ နာရီ ၅ မိနစ်တွင် အင်းစိန်မြို့နယ်ရှိ မှုခင်းရဲတပ်ဖွဲ့ (CID) ရုံးရှေ့ဂိတ်ကို ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ထိထိရောက်ရောက်ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူများကို အမျိုးမျိုး ဖိနှိပ် အနိုင်ကျင့်နေသော ဌာနများအားလုံးကို ထိထိရောက်ရောက်တိုက်ခိုက် သွားမည်ဖြစ်ပြီး နောက်ထပ် ပစ်မှတ်ကြီးများကိုလည်း မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းကာ ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်သော နေရာများနှင့် ဝေးဝေးနေထိုင် ပေးကြပါရန် မေတ္တာရပ်ခံကြောင်း Yangon Army အဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။

” ဒီနေ့ ၇ နာရီလောက်က အင်းစိန်မှာ ၂ လုံးဆင့်ပေါက်တဲ့ အသံတော်တော်ကျယ်တဲ့ ပေါက်ကွဲသံကြားရတယ်။ စော်ဘွားကြီးကုန်းထိတောင် ကြားရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article