27 C
Yangon

ပဲခူးတိုင်းတွင် ပြည်သူ့စစ်ဖွဲ့စည်းရန်နှင့် တပ်သားသစ်စုဆောင်းမှုကို အကြောင်း ပြ၍ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးများက ငွေကျပ် သိန်းဆယ်ချီတောင်းခံနေ

Must read

ပဲခူးတိုင်းတွင် ပြည်သူ့စစ်ဖွဲ့စည်းရန်နှင့် တပ်သားသစ်စုဆောင်းမှုကို အကြောင်း ပြ၍ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးများက ငွေကျပ် သိန်းဆယ်ချီတောင်းခံနေ

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ပဲခူးတိုင်းတွင် ပြည်သူ့စစ်ဖွဲ့စည်းရန်နှင့် တပ်သားသစ်စုဆောင်းမှုတွင် မပါဝင် လိုပါက ငွေပေးရမည်ဟုဆိုကာ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးများက ငွေကျပ် သိန်းဆယ်ခ တောင်းခံ နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောဆိုသည်။

ပဲခူးတိုင်း တစ်တိုင်းလုံးတွင် ပြည်သူ့စစ်များ ဖွဲ့စည်းရန် မဲနှိုက်ခိုင်းခြင်း၊ တပ် သား သစ်စုဆောင်းရန် လူဦးရေ စာရင်းများ တောင်းခံခြင်းများ စစ်တပ်က တောက် လျှောက်ဆိုသလို လုပ်ဆောင်နေကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် ငွေကြေးချမ်းသာသူများအနေဖြင့် ပြည်သူ့စစ် မလုပ်လိုလျှင်လည်းကောင်း၊ တပ်သား သစ်အဖြစ် စုဆောင်းမခံလိုလျှင်လည်းကောင်း ငွေကြေးပေးလျှင် ရသည်ဟုဆိုကာ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးများက ငွေကြေးများ တောင်း ခံနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“ကျောက်ကြီးမြို့နယ် ဘက်မှာလည်း ပြည်သူ့စစ်လုပ်ဖို့ စာရင်းလိုက် ကောက် နေတယ်။ ဖဒို ကျောက်တံခါးမြို့နယ် ဘက်မှာတော့ တစ်ရွာကို ၅ ယောက် ​တပ်ထဲဝင်ရမယ်။ မဝင်ချင်ရင် တစ်ယောက်ကို ငွေကျပ် သိန်း ၂၀ နဲ့ ၅ယောက် စာ အတွက် သိန်း ၁၀၀ တောင်းတယ်” ဟု ပဲခူးတိုင်းသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပဲခူးတိုင်းကျောက်တံခါးမြို့နယ်၊ဂျို့ချောင်းကျေးရွာအုပ်စုတွင် စစ်တပ်က တစ် ရွာ လျှင် ၃ ဦးနှုန်းဖြင့် စစ်တပ်အတွက် စာရင်းပေးခိုင်းကြောင်း၊ ဇန်နဝါရီ လ ၁၄ ရက်နေ့တွင် ရွာတိုင်းကို မဲနှိုက်ခိုင်းကြောင်း၊ လူ ၃ ဦး မပေးနိုင်သော ကျေး ရွာများအနေဖြင့် ဒဏ်အဖြစ် တစ်ပတ်လျှင် တစ်အိမ်ထောင် ၅၀၀၀၀ ကျပ် ပေး လျှင်ရသည်ဟုဆိုကာ ငွေကြေးတောင်းခံနေကြောင်း သိရှိရသည်။

“စစ်တပ်နဲ့ အုပ်ချုပ်ရေးမှူးတွေက ဒဏ်ငွေဆောင်ရင် စစ်ထဲနဲ့ ပြည်သူ့စစ်ထဲကို မလိုက်ဘဲနေလို့ရတယ်။ ဒဏ်ငွေက တစ်ပတ် တစ်အိမ်ထောင် ငွေကျပ် ၅၀၀၀၀ တောင်းတယ် ။ အိမ်ခြေရှိသလောက်ပေးဆောင်ခိုင်းတယ်။ စားဝတ် နေ ရေး အဆင်မပြေတဲ့ကြားထဲအခုလို စစ်တပ်က ရွာတွေကို အတင်း အဓမ္မ ဓား ပြ တိုက်ဆက်ကြေးတောင်းသလိုပုံစံလုပ်နေတာ” ဟု ဂျို့ချောင်းအုပ်စုမှ ကျေးရွာသားတစ်ဦးက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့ဘက်တွင်လည်း ပြည်သူ့ စစ်နှင့် တပ်သားသစ်များစုဆောင်းနေပြီး စစ်မှု မထမ်းလိုလျှင် ငွေကျပ် သိန်း ၃၀ ပေးရမည်ဟု တောင်းခံလာကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“ပြည်မြို့၊ ပေါင်းတလည်ဘက်က ရွာတွေမှာ အိမ်ထောင်စုစာရင်းတွေနဲ့ စစ်မှု မထမ်းမနေရ တစ်အိမ်တစ်ယောက် စစ်ခွေးတွေကလိုက်တောင်းနေတယ်။ စစ်မှုမထမ်းချင်ရင် တစ်အိမ်ထောင် သိန်း၃၀ပေးရမယ်ဆိုပြီး တောင်းတယ်” ဟု ပေါင်းတလည်မြို့ခံတစ်ဦးက ရှင်းပြသည်။

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်တွင်မူ တပ်သားသစ်စုဆောင်းရန် မဲနှိုက်ခိုင်းပြီး မဲပေါက်သူများအနေဖြင့် စစ်တပ်ထဲ မဝင်လိုပါက လူစားထိုးရန် ငွေကျပ် ၃ သိန်း ပေးရမည်ဟု စစ်တပ်က တောင်းခံကြောင်း သိရှိရသည်။

“တကယ်လို့ မဲပေါက်လို့ စစ်သင်တန်းမတက်ချင်ရင်လည်း ပိုက်ဆံ ၃ သိန်း ပေးရင် လူအစားထိုးပေးမယ်လို့ စစ်တပ်က ပြောတယ်။” ဟု ဒေသပြည်သူ တစ်ဦးက ရှင်းပြသည်။

အလားတူ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း၊ မြစိမ်းကျွန်း မီး အုပ် စု အတွင်း ရွာ ၁၁ ရွာတွင် အိမ်ခြေ ၁၀၀ လျှင် လူဦးရေ ၂၅ ဦးနှုန်းဖြင့် စစ် သင်တန်းတက်ရန် လူခေါ်ယူနေပြီး လူစားထိုးလိုပါက ငွေကျပ် ၆ သိန်းခွဲမှ ၉ သိန်း အထိ ပေါက်စျေးရှိနေကြောင်း သိရှိရသည်။

“မြစိမ်းရွာကြီးက ၂၅ ယောက်မဲနှိုက်ပြီး ပိုက်ဆံရှိသူအချို့က လူတစ်ယောက် ၆ သိန်းခွဲနဲ့ အငှားထည့်နေကြပါတယ်။ အဲဒါက စစ်တပ်ကို ချစ်ပါတယ် ဆိုတဲ့ သာယာကုန်းရွာက လူတွေက အငှားလိုက်ကြတယ်။ အဲဒီလိုမဟုတ်ရင် သူတို့နဲ့ မပူးပေါင်းဘူးဆိုပြီး ရွာတွေကိုမီးရှိ့မယ်ဆိုလို့ စိုးရိမ်သောကရောက် နေကြ တယ်” ဟု ပန်းတောင်းဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ထို့အတူ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် ပနွတ်ကျေးရွာအပါအဝင် ကျေးရွာများတွင် လည်း စစ်တပ်က တစ်ရွာလျှင် လူဦးရေ ၄၅ ဦးမှ ၅၅ ဦးအထိ အိမ်ခြေ အရေ အတွက်ကို လိုက်၍ တောင်းခံလျက်ရှိရာ လူအစားထိုးရန်အတွက် စစ်တပ် ငွေကျပ် ၈ သိန်း တောင်းခံနေကြောင်း သိရှိရသည်။

“ပဲခူးတိုင်း၊ ဒိုက်ဦးဒိုင်နယ်၊ ပနွတ်ကျေးရွာမှာ လူ ၄၅ ယောက် ၊ သံတံတားရွာ ၅၅ယောက်တောင်းတယ်။ မလိုက်ချင်တဲ့သူတွေ ငွေကျပ် ၈ သိန်းတောင်းတယ်။ ဆီပင်ရွာကလည်း လူ ၃၀ ခေါ်တယ်” ဟု ပနွယ်ကျေးရွာ ဒေသပြည်သူ တစ်ဦးက ရှင်းပြသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်၊ပဲနွယ်ကုန်းမြို့ အ နောက် သံပုရာခုံအုပ်စု၊ သံပုရာခုံရွာ တွင်လည်း အိမ်ထောင်စုတစ်ခုလျှင် အသက် ၁၆ နှစ်မှ ၅၆ နှစ်အတွင်း အမျိုးသား ၁ ဦး ပျူစောထီးသင်တန်း တက် ရာက်ရန် ဖိအားပေးလာကြောင်း၊ အမိန့်ဖီဆန်ပါက ပဲနွယ်ကုန်းမြို့အ ရှေ့ ကျောင်း စိုးရွာကဲ့သို့ တစ်ရွာလုံး မီးရှို့ခံရမည်ဟု ခြိမ်းခြောက်ကြောင်း၊ ရန်ကုန်-မန္တ လေး ရထားလမ်းကို လုံခြုံရေးချထားရန်အတွက် တစ်ရွာလျှင် ငွေကျပ် ၄ သိန်း ပေးရန် တောင်းခံလာကြောင်း သိရှိရသည်။

အကြမ်းဖက်မင်းအောင်လှိုင်က ပြည်သူ့စစ်လုံခြုံရေးအဖွဲ့နှင့် လုံခြုံရေးကွန် ရက်များ ဖွဲ့စည်းမည်ဟု စစ်ကောင်စီအစည်းအဝေး များတွင် ပြောဆိုပြီးနောက် ယင်းကဲ့သို့ နိုင်ငံတစ်ဝန်း ပြည်သူ့စစ်ဖွဲ့စည်းရန် စစ်တပ်က ဖိအားပေးခြိမ်း ခြောက်လုပ်ဆောင်လာ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article