နွားထိုးကြီးမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး၊ သရက်မြို့နယ်၊ ဆင်ကော်နယ်မြေရဲစခန်းမှ ရဲ ၄ ဦးကို တိုက်ခိုက်မှု ဒုရဲအုပ် ၁ ဦးအပါအဝင် ၂ ဦး သေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၁၉
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF ထံမှ သိရသည်။
ဇန်နဝါရီလ ၁၆ ရက် ည ၈ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ မန်ကျီုးကုန်းကျေးရွာအတွင်း ကား ၂ စီး ဖြင့် ဝင်ရောက်လာပြီး ပြည်သူ့နေအိမ်များအတွင်းမှ ဖောက်ထွင်းခိုးယူခဲ့ကြောင်း၊ ထို့နောက် နံနက် ပိုင်းတွင် ဝက်လူးနယ်မြေရဲစခန်းမှ ထပ်မံထွက်လာသော စစ်ကားအကြီးတစ်စီးကို ဖောင်ချဉ်း – ဝက်လူး လမ်းပိုင်းအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့သို့ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ကားသည် ဖောင်ချဉ်းကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီးနောက် ပြည်သူပိုင်နေအိမ်များမှ ပစ္စည်းများကို ဖောက်ထွက်ခိုးယူနေသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ မှ ကျေးရွာအနီးချဉ်းကပ်ပြီး အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီလေတပ်မှ Jet Fighter ဖြင့် ပျံဝဲလှည့်လည်နေ၍ ခေတ္တခဏပြန်ဆုတ်ခဲ့ရသည်ဟု ဆို သည်။
ဇန်နဝါရီလ ၁၇ ရက် နံနက် ၈ နာရီဝန်းကျင်တွင် ၎င်းတို့တပ်စွဲထားရာကျေးရွာမှ ခြေလျင်ထွက်လာ သည့် အင်အား ၅၀ ခန့်ရှိ စစ်ကြောင်းကို ဖောင်ချဉ်းကျေးရွာ မြောက်ဘက်အရောက် အနီးကပ် တိုက် ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၃ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ ၆ ဦးအပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် – ၄ တပ်ရင်းနှင့် နွားထိုးကြီးမြိုနယ် (ပကဖ)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကာ တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ သရက်မြို့နယ်၊ ဆင်ကော်နယ်မြေရဲစခန်းမှ ရဲများကို တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်တစ်ဦး အပါ အဝင် ၂ ဦး သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်းထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက် ညနေ ၄ နာရီခန့်က သရက်မြို့နယ်၊ ဆင်ကော်နယ်မြေရဲစခန်းမှ ထွက်လာပြီး အနီးအနားကျေးရွာများမှ ဆက်ကြေးကောက်၍ ဆိုင်ကယ် ၂ စီးဖြင့် ပြန်လာသော ရဲ ၄ ဦးကို အသင့်စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၅ မိနစ်ခန့်ဖြစ်ပြီး ဒုရဲအုပ် တစ်ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် – ၄ တပ်ရင်း (Eagle Force) ၊ ကျောင်းသားလက်ရုံးတပ်တော် (S.A.F) နှင့် လွတ်မြောက်ရေးအင်အားစု စစ်သည်များ တပ်ဖွဲ့ (W.O.L.F) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အ ထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။