32 C
Yangon

မန္တလေးတွင် စစ်ကောင်စီအလိုကျ CDM ဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်းများကို ဖိနှိပ်နေသည့် ဒေါက်တာခင်ခင်ကြီး အပါအဝင် Non-CDM ဝန်ထမ်းများကို သတိပေး၊ မလိုက်နာလျှင် ပစ်မိန့်ပေးထားဟုဆို

Must read

ရန်ကုန်၊ ဧပြီ ၅

မန္တလေးတွင် စစ်ကောင်စီအလိုကျ CDM ဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်းများကို ဖိနှိပ်နေသည့် ဒေါက်တာခင်ခင်ကြီး အပါအဝင် Non-CDM ဝန်ထမ်းများကို သတိပေးလိုက်ပြီး မလိုက်နာလျှင် ပစ်မိန့်ပေးထားကြောင်း မန္တလေးတော်လှန်ရေးအင်အားစုများက တရားဝင် သတိပေးချက်ထုတ်ပြန်သည်။

မန္တလေးမြို့တွင်လည်း CDM ကျန်းမာရေးဝန် ထမ်းများ၏ အချက်အလက်များကို စစ်ကောင် စီက လိုက်လံကောက်ယူလျက်ရှိရာ ပြီးခဲ့သည့်ရက်ပိုင်းက နာမည်ကြီးပုဂ္ဂလိကဆေးရုံတစ်ခုဖြစ်သည့် မန္တလာဆေးရုံ ရှိ အထူးကုဆရာဝန်ကြီးများစာရင်းကို စစ်ကောင်စီက ဆေးရုံ၊ ဆေးခန်းပိုင်ရှင်များထံ တောင်းယူ ခဲ့သည်ဟု မန္တလေးကျန်းမာရေးအသိုင်းအဝိုင်းထံမှ သိရကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီကခန့်ထားသည့် ဒေါက်တာဒေါ်ခင်ခင်ကြီးသည် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် CDM များကို လက်ခံထားခြင်းရှိမရှိ မေးမြန်းခြင်း၊ CDM များနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များစု ဆောင်းခြင်း၊ ရပ်ကွက်ရုံးများအထိ CDM များ၏ အမည်စာရင်းပေးပိုကာ ဧည့်စာရင်းတွင် ယင်းနာမည်များပါဝင်ခြင်းရှိ၊မရှိ ရှာ ဖွေခိုင်းခြင်းနှင့် ဘဏ်များတွင်လည်း CDM များ၏ မှတ်ပုံတင်ပေးပိုကာ အကောင့်စစ်ဆေးခိုင်းခြင်း၊ CDM ဆရာဝန်များ ကို အလုပ်ထုတ်ခိုင်းခြင်းများ လုပ်ဆောင်နေသည်ဟု သိရှိရကြောင်း၊ စစ် ကောင်စီမှ ဗိုလ်မှူးတစ်ဦး၏ ဇနီးလည်းဖြစ် သော ဒေါက်တာ ဒေါ်ခင်ခင်ကြီး အပါအဝင် အကျင့်ပျက် ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့် ထိုလုပ်ရပ်များရပ်တန်းကရပ်ရန် နှင့် ပြည်သူတို၏ ပြည်သူ့ဝန်ထမ်းများ ဖြစ်သည့် CDM ဆရာဝန်များကို စစ်ကောင်စီအလိုကျ ဖိနှိပ်ခြင်း မပြုရန် သတိပေးကြောင်း ဖော်ပြထားသည်။

လိုက်နာခြင်း မရှိပါက လိုက်လံဆောင်ရွက်နေသည့် အကျင့်ပျက်ဝန်ထမ်းများနှင့် စကစ ခန့်ထားသည့် ကျန်းမာရေးဌာန ၏ တာဝန်ရှိလူကြီးမင်းများ အသက်အန္တရာယ် အားလုံးကို တာဝန်မယူတော့ကြောင်းနှင့် PDF မဟာမိတ်အဖွဲ့များမှ ရဲဘော်များထံ ပစ်မိန့် ပေးထားပြီးဖြစ်၍ ပြင်းပြင်းထန်ထန် သတိပေးပါကြောင်း တရားဝင် ကြေညာချက်ထုတ်ပြန်ထားသည်။

မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း ရန်ကုန်ရှိ တော်လှန်ရေး အင်အားစုများက ဒေါက်တာခင်ခင်ကြီးကို CDM ကျန်းမာရေးဝန်ထမ်းနှင့် ဆရာဝန်များကို ဖိနှိပ်မှုဖြင့် သတိပေးချက် ထုတ်ပြန်ခဲ့သေးသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article