26 C
Yangon

သံတောင်ကြီးမြို့နယ်၊ ယာဒို တပ်စခန်းနှင့် ရဲစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်တပ်ဘက်မှ အရာရှိ တစ်ဦး အပါအဝင် ၄ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ကရင်ပြည်နယ်၊ သံတောင်းကြီးမြို့နယ်၊ တောင်ငူ- လွိုင်ကော် ကားလမ်းမ ဘေး ရှိ ယာဒို တပ်စခန်းနှင့် ရဲစခန်းကို တော်လှန်ရေးအဖွဲ့များက ပစ်ခတ် တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ အရာရှိတစ်ဦးနှင့် စစ်သား ၃ ဦး သေဆုံးသွားကြောင်း နေပြည်တော် PDF ဗျူဟာ ၂ တပ်ရင်း ၈၀၃ တပ်ရင်းမှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ အကြမ်းဖက်စစ်တပ်တပ်စွဲထားသည့် ယာဒို တပ်စခန်း နှင့် ရဲစခန်းကို ၆၀ မမ ဒရုန်းဗုံးသီးများနှင့် ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပစ် ခတ် မှုကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံး သွား ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက်စစ်တပ်ဘက်ကလည်း ပြန်လည်၍ ရမ်း သမ်းပစ်ခတ်မှုများ ရှိကြောင်း တော်လှန်ရေးရဲဘော်များက ပြောကြားသည်။

“အရာရှိတစ်ဦးနဲ့ ခွေးသုံးကောင်ကျသွားပါတယ်။ခုလက်ရှိအချိန်ထိ တိုက်ပွဲ အကြီး ကြီးမဟုတ်ရင်တောင် Counter အနေနဲ့ ၁၂၀ မမနဲ့ စက်လက်တွေနဲ့ စစ်တပ် က ရမ်းသမ်းပစ်ခတ်တာတော့ရှိတယ်။ ကျနော်တို့ဘက်ကလည်း စက် လက် ၊ RPG တွေနဲ့ ပြန်လည်ပစ်ခတ်တယ်”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Nay PYI TAW PDF ‌ဗျူဟာ ၂ ၏ တပ်ရင်း၊ တပ်ခွဲ ၈၀၂၊ ၈၀၃၊ ၈၀၅၊ ၉၀၁ တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #Counter #NayPyiTawPDF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article