27 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၄ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

– ပြင်ဦးလွင်မှာ အကြမ်းဖက် စစ်ကောင်စီက ဗိုလ်မှူးကြီးအဆင့်တွေ ဦးဆောင်တဲ့ ဗျူဟာတပ်ရင်းတွေ ထပ်မံဖွဲ့စည်းခိုင်းနေပြီး ၊ တစ်ဗျူဟာကို  စစ်အင်အား ၂၀၀ သတ်မှတ်ပေမယ့် အင်အား မပြည့်ပဲ ဖြစ်နေ တယ်လို့ စစ်တပ်သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။

-ရခိုင်ပြည်နယ် မင်းပြားမြို့ပေါ်ကို စစ်ကောင်စီက သင်္ဘောနဲ့ စစ်ကူတွေ လာရောက် အား ဖြည့်တဲ့အချိန် ရခိုင့်တပ်တော် AA ကနေ တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား အလောင်း ၇ လောင်း နဲ့ လက်နက် တွေကိုပါ ရရှိထားပြီး စစ်တပ်က အိန္ဒိယပြန် စစ်ပြေးတွေကို ရခိုင်ကို ထပ်ပို့ထားပြန်တယ်လို့ AA သတင်းရင်းမြစ်က ပြောပါတယ်။

– ရှမ်းပြည်နယ်တောင်ပိုင်းက ဆီဆိုင်မြို့နယ်မှာ သေနတ်သံတွေ စတင် ကြားလာရပြီဖြစ်တဲ့အတွက် ပြည်သူတချို့ စစ်ဘေးစရှောင်နေရပြီဖြစ်စလို၊ စစ်တပ်လက်အောက်ခံ PNO နဲ့ စစ်တပ်စခန်းကို PNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက မီးရှို့ရှင်းလင်းလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #AA #PNO #PNLA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article