29 C
Yangon

မြေပုံမြို့နယ်တွင် စစ်ကောင်စီ၏ ယောချောင်းဗျူဟာကုန်းနှင့်စခန်းကုန်း များ ကို AA က တိုက်ခိုက်သိမ်းပိုက်၊ ၁၂၂ မမဟောင်ဝစ်ဇာ အမြောက်နှင့် လက် နက် ခဲယမ်းများကို စစ်တပ်က မီးရှို့ပြီး ထွက်ပြေး

Must read

မြေပုံမြို့နယ်တွင် စစ်ကောင်စီ၏ ယောချောင်းဗျူဟာကုန်းနှင့်စခန်းကုန်း များ ကို AA က တိုက်ခိုက်သိမ်းပိုက်၊ ၁၂၂ မမဟောင်ဝစ်ဇာ အမြောက်နှင့် လက် နက် ခဲယမ်းများကို စစ်တပ်က မီးရှို့ပြီး ထွက်ပြေး

ရန်ကုန်၊ ဇန်နဝါရီ ၂၇

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် စစ်ကောင်စီ၏ ယောချောင်းဗျူဟာကုန်းနှင့် စခန်းကုန်း များကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သားများက ၁၂၂ ဟောင်ဝစ်ဇာ အမြောက်နှင့် လက်နက်ခဲယမ်းများကို မီးရှို့ပြီး ထွက်ပြေးသွား ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းမြေပုံမြို့နယ်ရှိ စစ်တပ်၏ ယောချောင်း ဗျူဟာကုန်းတစ်ခုကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း၊ စစ်တပ်က “ယောချောင်းဗျူဟာကုန်း” နှင့် ၎င်းအနီးအနားရှိစခန်းကုန်းများမှ ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက်များအပါအဝင် လက်နက်ခဲယမ်းများကိုပါ မီးရှို့ ဖျက်ဆီး ခဲ့ကြောင်း၊ ထို့နောက် အဆိုပါဗျူဟာကုန်းကို စွန့်လွှတ်ပြီး စစ် သင်္ဘော နှစ်စီးဖြင့် ထွက်ပြေးသွားခဲ့ကြောင်း၊ AA က ထွက်ပြေးသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို လိုက်လံချေမှုန်း တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ပေါ်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့ ထိခိုက်၊ သေဆုံးမှုများရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ရက္ခိုင်ပြည်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များတွင် ယခင်ရက်များနည်းတူ ရက္ခိုင့်တပ်‌‌တော် (AA) နှင့် စစ်ကောင်စီတို့ကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ရှိနေခဲ့ကြောင်း၊ ရက္ခိုင် ဒေသစစ်မျက်နှာစာတွင် အရှုံးကြီးရှုံးနိမ့်နေသောစစ်ကောင်စီက ရမ်းဗြဲမြို့အား အငြိုးအတေးထားကာ မြို့ပြိုပျက်စေရန် ရည်ရွယ်ချက်ဖြင့် ဂျက်ဖိုက်တာ များသုံးကာ လေကြောင်းမှ ဖျက်အားပြင်းဗုံးများနှင့် ကြဲချတိုက်ခိုက်ခြင်းများ ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article