ရန်ကုန်၊ ဧပြီ ၆
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်နှင့် မကွေးတိုင်း ငဖဲမြို့၊ KIA တပ်မဟာ ၃ နယ် မြေတို့တွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းနှင့် ယာဉ်တန်းများ တိုက် ခိုက်ခံရပြီး စစ်သား ၂၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
စစ်ကိုင်း၊ မင်းကင်း ကင်းလှည့် စစ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရ ၂ဦးသေဆုံး
===========================================
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကျော် ရွာနှင့် ပျားသုံးကျေးရွာကြားတွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို တောင်တွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(TDPDF -MinGin)က မိုင်း ၃လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦး သေဆုံးခဲ့ကြောင်း TDPDF -MinGin တပ်ဖွဲ့ထံမှ သိရသည်။
ယင်း အကြမ်းဖက် စစ်ကောင်စီ ကင်းလှည့် စစ်ကြောင်းတွင် အင်အား ၅ဦးပါဝင်ပြီပြ တောင်တွင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့(TDPDF -MinGin)တပ်ခွဲ ၃ မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၂ဦးသေဆုံးကာ ၁ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း TDPDF -MinGin တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
မကွေး၊ ငဖဲ စစ်ကောင်စီ တပ်ဖွဲ့များ တိုက်ခိုက်ခံရ ၂ဝ ဦးသေဆုံး
===================================
မကွေးတိုင်း ငဖဲမြို့ ရေယဉ်တောင်ကြောတွင် အင်အား ၆ဝဝ ခန့်ဖြင့် စစ် ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ယနေ့ ဧပြီလ ၆ရက်နေ့ နံနက် ၉နာရီ ၃၅မိနစ်ခန့်တွင် ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့ ၂ဖွဲ့က အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဝ ဦးသေဆုံးခဲ့ကြောင်း People’s Revolution Alliance (PRA-Magway) တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို People’s Revolution Alliance (PRA-Magway)နှင့် Asho Chin Defense Force-ACDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မွန်းလွဲ ပိုင်းတွင် အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် ထပ်မံ ရောက်ရှိလာသောကြောင့် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၁ဦး ထိခိုက် ဒဏ်ရာရရှိကာ စစ်သားများ သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း PRA-Magway တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ကချင် စစ်ကောင်စီ စစ်ကြောင်းနှင့် ယာဉ်တန်းများ တိုက်ခိုက်ခံရ
====================================
ကချင်ပြည်နယ် KIA တပ်မဟာ ၃ နယ်မြေ Laika Zup Ja ကျေးရွာ အထက်ပိုင်း Kumhpya Pa တွင် ယနေ့ ဧပြီလ ၆ ရက်နေ့ နံနက် ၁၁နာရီ ခန့်တွင် အင်းအား ၂ဝဝခန့်ပါ အကြမ်းဖက် စစ်တပ် တပ်မ ၈၈၊ စကခ ၁၅နှင့် ခလရ ၁၂၁ စစ်ကြောင်းကို KIAမှ ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ထို အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းတွင် စစ်ကား ၄စီးပါဝင်ပြီး Munghkawngရှိ စစ်ကောင်စီ တပ်စခန်းမှ Maji Gungရှိ စစ်ကောင်စီ တပ်စခန်းကို စစ်သားများ၊ လက်နက်ခဲယမ်းများနှင့် စားနပ်ရိက္ခာပို့ဆောင်ခြင်းဖြစ်ကာ KIA တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သားများ ထိခိုက် သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
အလားတူ KIA တပ်မဟာ ၂ အမှတ် ၂၀ တပ်ရင်း နယ်မြေ တနိုင်း-လီဒိုလမ်း လဝါးကျေးရွာနှင့် Dum Bungကျေးရွာကြားရှိ Hkinru Pa တွင်လည်း ဧပြီ ၅ ရက်နေ့ မွန်းလွဲ ၁၂နာရီ ၃၄ မိနစ်ခန့်က အင်အား ၆ဝခန့်ပါ ခလရ ၂၃၈မှ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကာ ထိခိုက် သေဆုံးမှုများရှိသော်လည်း အရေအတွက် မသိရသေးကြောင်း နယ်မြေခံ သတင်းရင်းမြစ်များက ပြောဆိုသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေး PRA တပ်ဖွဲ့ဝင်များ။