29 C
Yangon

စစ်ကိုင်းနှင့် မကွေးတို့တွင် စစ်တပ်၊ ရဲနှင့်ပျူစောထီးများ ပစ်ခတ် မိုင်းဆွဲ တိုက်ခိုက်ခံရကာ ၁၆ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၇

စစ်ကိုင်းတိုင်း တမူးမြို့နယ် တမူး – အောင်ဇေယျ လမ်းပိုင်းတွင် ဧပြီလ ၇ရက်နေ့ မွန်းလွဲ ၁၂နာရီခန့်တွင် PDF တပ်ဖွဲ့များ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေစဉ် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပျူစောထီးများ ရောက်ရှိလာကာ အပြန်အလှန် ပစ်ခတ်မှုှု ဖြစ်ပွားခဲ့ပြီး စစ်သား ၃ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ (တမူးမြို့) တပ်ရင်း – ၁၊ တပ်ရင်း – ၂ ပူးပေါင်း တပ်ဖွဲ့နှင့် အကြမ်းဖက် စစ်ကောင်စီတို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်သား ၃ဦးသဆေုံးခဲ့ကာ စစ်တပ်က သေဆုံးသူများ အလောင်းများကို ကားပေါ်သို့ တင်ဆောင်ကာ တမူးမြို့သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် အင်္ကုက္ကားကျေးရွာတွင် ဧပြီလ ၆ရက်နေ့ ည ၁၂နာရီခန့်က အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပျူစောထီး အဖွဲ့များကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များဖြစ်သည့် KPK၊ Phoenix Taze၊ ပလဖနှင့် မူးမြစ်ဝှမ်းလွင်တို့က ဝင်ရောက် ပစ်ခတ်ခဲ့ပြီး စစ်သား ၂ဦး သေဆုံး ခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

အလားတူ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ထန်းပင်ဆိပ်ရွာ-မူးခွရွာကြားတွင် ဧပြီလ ၇ရက်နေ့ နံနက် ၁၁နာရီခန့်၌ ပျူစောထီး အဖွဲ့များကို ဒေသ ကာကွယ်ရေး တပ်ဖွဲ့တစ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၂ဦး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။

ထို့နည်းတူ စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ လိုက်ပါလာသည့် ကားနှင့် မိုင်းရှင်းလင်းရေး လုပ်ဆောင်သော စစ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်သား ၅ဦးသေဆုံးခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ဧပြီလ ၇ ရက်နေ့ နံနက် ၇နာရီခန့်တွင် အရာတော်မှ ထွက်ခွာလာသော စစ်သားများ လိုက်ပါလာသည့် ကားကို တုံးတင်ကန် အနီးတွင် ပဒေသာ မိုင်း၄-လုံးဖြင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦးသေဆုံးကာ ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နံနက် ၁ဝနာရီ ၃၀မိနစ်ခန့်တွင်လည်း အရာတော်မှ မိုင်းရှင်းလင်းရန် စစ်သား ၂ဝ ခန့်ဖြင့် ထွက်ခွာလာကာ ကျွန်းဖိုလ်ပင်ရွာနှင့် ဆူးလေကုန်းချောင်း ကြားတွင် ကားရပ်ပြီး မိုင်းရှင်းလင်းရေး လုပ်ဆောင်နေစဉ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၄ လုံး၊ တူမီးရှေ့ထွက် ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်စား ၃ဦးသေဆုံးကာ ၂ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း – ၄ (Chindwin Attack Force) ၏ တပ်ခွဲ – ၁၊ သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Bone Naing-PDF(A.B.N.PDF)၊ Ayardaw Falcon Force(AF2)၊ ပတ္တမြားညီနောင် ပြောက်ကျားတပ်ဖွဲ့ တို့မှ ဦးဆောင်ကာ Knights Of The Red Land (KORL) ပြောက်ကျားတပ်ဖွဲ့၊ AMT မြေပြင်‌‌ ပြောက်ကျားတပ်ဖွဲ့ ၊ ၊ Excellent Flagတပ်ဖွဲ့၊ M.R.T.Fတပ်ဖွဲ့၊ The Guys Of Burma Revolution Force(GBRF) ညီနောင်မဟာမိတ် (၉)ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

မကွေးတိုင်း ရေစကြိုမြို့မ ရဲစခန်းရှေ့တွင်လည်း စစ်သား၊ ရဲနှင့် ပျူစောထီး အဖွဲ့များကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဧပြီလ ၇ရက်နေ့ ည၈နာရီခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၄ဦးသေဆုံးခဲ့ကြောင်း ရေစကြို PDF က ထုတ်ပြန်ထားသည်။

Photo – AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article