35 C
Yangon

PDF ထောက်ပံ့သည်ဆိုသော စွပ်စွဲချက်ဖြင့် မိခင်ဖြစ်သူကို စစ်တပ်က သေ နတ်ဖြင့်ပစ်ခတ်ဖမ်းဆီးပြီး အသက် ၃ နှစ်အရွယ် မောင်သန့်ဘုန်းဝေယံကိုပါ မူကြိုကျောင်းတွင် အကြမ်းဖက် ဖမ်းဆီးမှု နှစ်ဦးစလုံး အသက်အန္တရာယ်စိုးရိမ်ရ

Must read

ရန်ကုန်၊ ဧပြီ ၈

ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် PDF ထောက်ပံ့သည်ဆိုသော စွပ်စွဲချက်ဖြင့် မိခင်ဖြစ်သူကို သေနတ်ဖြင့်ပစ်ခတ်ပြီး အသက် ၃ နှစ်အရွယ် မောင်သန့်ဘုန်းဝေယံကို အကြမ်းဖက် ဖမ်းဆီးမှု နှစ်ဦးစလုံး အသက်အန္တရာယ်စိုးရိမ်ရကြောင်း ရန်ကုန်လူထုသပိတ်က ကြေညာချက် ထုတ်ပြန်သည်။

စစ်ကောင်စီက ဓားစာခံအဖြစ်ဖမ်းဆီးခြင်းခံခဲ့ရသော သုံးနှစ်အရွယ်ကလေးနှင့် ၎င်း၏မိခင်တို့သည် စစ်တပ်လက်ထဲတွင် အသက်အန္တရာယ်စိုးရိမ်ရကြောင်း ၊ ၃ နှစ်သားအရွယ် မောင်သန့်ဘုန်းဝေယံ၏ မိဘများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ထောက်ပံ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ပစ်ခတ်ဖမ်းဆီးသည့်အပြင် ၃ နှစ်အရွယ် မောင်သန့်ဘုန်းဝေယံကိုလည်း ဧပြီလ၊ ၅ ရက်နေ့တွင် အလုံမြို့နယ် ဆင်မင်းရပ်ကွက်၊ စက်တွင်းလမ်းက BC မူကြိုကျောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဖြင့် ဝင်ရောက်စီးနင်းပြီး ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း ရန်ကုန်လူထုသပိတ်က ပြည်သူများသို့ အသိပေးထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်က ၃ နှစ်အရွယ် ကလေးငယ် မောင်သန့်ဘုန်းဝေယံနှင့် မိခင်တို့ကို လူမဆန်စွာ ညှင်းပန်းနှိပ်စက်မှုနှင့် နှစ်ဦးစလုံး၏ အသက်အန္တရာယ်တစ်စုံတစ်ရာဖြစ်မည်ကို အလွန်အမင်း စိုးရိမ်ပါကြောင်း ရန်ကုန်လူထုသပိတ်က ပြောဆိုသည်။

လက်ရှိတွင် ကလေးဖြစ်သူနှင့်မိခင်ဖြစ်သူတို့ကို အကြမ်းဖက်စစ်တပ်က မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရကြောင်း မိတ်ဆွေများနှင့်ဆွေမျိုးများထံမှ သိရှိရသည်။

“ဘာမှ မသိသေးတဲ့ ၃ နှစ်အရွယ်ကိုပါ ဖမ်းတဲ့ ကိစ္စကတော့ အလုံဘက်မှာ အတော်ကို ဂယက်ရိုက်တယ်။ မူကြိုကျောင်းမှာ ကလေးကိုပါ ဝင်စီးဖမ်းဆီးတာကတော့ ကျနော်တို့ မိဘတွေလည်း ကျနော်တို့ကလေးတွေအတွက် အရမ်းစိတ်ပူတယ်။ ဒီစစ်တပ်က ဘာမဆို လုပ်မယ့် လူမဆန်တော့ဘူးဆိုတာလည်းပေါ်လွင်တယ်။ သားအမိနှစ်ဦးစလုံး ဘေးကင်းဖို့ ဆုတောင်းနေရတယ်” ဟု အလုံ၊ ဆင်မင်းရပ်ကွက်တွင် နေထိုင်ပြီး ကလေးငယ်ဖမ်းဆီးခံရမှုအပေါ် ကျောင်း သားမိဘတစ်ဦး က မှတ်ချက်ပြုပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article