27 C
Yangon

ဆီဆိုင်မြို့နယ်အတွင်းရှိ ပအိုဝ်းဘုန်းတော်ကြီးကျောင်းများနှင့် ရွာများကို စစ်တပ် နှင့်PNO ပြည်သူ့စစ်များက ဆက်လက်ဖျက်ဆီးနေ

Must read

ဆီဆိုင်မြို့နယ်အတွင်းရှိ ပအိုဝ်းဘုန်းတော်ကြီးကျောင်းများနှင့် ရွာများကို စစ်တပ် နှင့်PNO ပြည်သူ့စစ်များက ဆက်လက်ဖျက်ဆီးနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ထီးတမောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်တပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များက ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း PNLA က တရားဝင်သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၈ နာရီ ဆီဆိုင်မြို့နယ်အတွင်း ဆီဆိုင်မြိုနှင့် ၇ မိုင်အကွာတွင်ရှိသည့် ထီတမောင်းဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီနှင့်အပေါင်းအပါများက လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခြင်းကြောင့် ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ဇရပ်နှင့်ဓမ္မာရုံအဆောက်အဦးပျက်စီးခဲ့ကြောင်း ၊ အဆိုပါနေရာသည် တိုက်ပွဲဖြစ်ပွားသည့် နေရာလည်းမဟုတ်သလို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တည်ရှိသည့်နေရာလည်း မဟုတ်ကြောင်း PNLA က ပြောသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၇ ရက်နေ့ စစ်ကောင်စီက ဆီဆိုင်မြိုအရှေ့ဘက်ရှိ ကျေး ရွာ တစ်ရွာကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဘုန်းတော်ကြီးကျောင်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ စစ်တပ်က ပအိုဝ်းတို့ အထွဋ်အမြတ်ထားရာ ဘာသာရေးအဆောက်အဦများကို တမင် ဖျက်ဆီးနေသည်မှာ ထင်ရှားလျက်ရှိကြောင်း၊ စစ်ကောင်စီနှင့်အပေါင်းအပါများ၏ လုပ်ရပ်သည် ၎င်းတို့တွင် ကိုးကွယ်ရာဘာသာဟူ၍မရှိဘဲ စစ်အာဏာရှင်ကိုသာ ကိုးကွယ်နေသည့်သူများဖြစ်သည်ဟု PNLA က ထုတ်ပြန်ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article