25 C
Yangon

ပခုက္ကူ မြစ်ဖျားရွာကို စစ်တပ်က ဝင်ရောက် စီးနင်း မီးရှို့နေ

Must read

ရန်ကုန်၊ ဧပြီ ၈

မကွေးတိုင်း ပခုက္ကူ မြို့နယ် မြစ်ဖျားကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဧပြီလ ၈ရက်နေ့ မွန်းလွဲ ၃နာရီကျော်ခန့်က စတင်ကာ ကျေးရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ် သစ်မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်ပြီးနောက် ဝင်ရောက် စီးနင်းခြင်းဖြစ်ကာ လက်ရှိတွင် ကျေးရွာ တစ်ဝက်ကျော်ခန့် မီးကူးစက် လောင်ကျွမ်းနေကာ မီးငြိမ်းသတ်မည့်သူ မရှိသောကြောင့် ရွာလုံးကျွတ် မီးလောင်ပြာကျနိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် အင်အား ၁၀၀ခန့်ပါဝင်ပြီး ကင်ပွန်းထောင့်ရွာမှ ထွက်ခွာလာသည့် ခြေလျင် စစ်ကြောင်းဖြစ်ကာ ပြဘ်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကာ ပြည်သူများ ထိခိုက် ဒဏ်ရာရမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ဒေသခံများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article