32 C
Yangon

အကြမ်းဖက်စစ်အုပ်စု၏ သတင်းပေးအဖြစ် သွတ်သွင်းခံရခြင်းမှ ရုန်းထွက်ကြရန် နိုင်ငံရေးပါတီများ ကို NUCC နှင့် NUG တို့က သတိပေး

Must read

အကြမ်းဖက်စစ်အုပ်စု၏ သတင်းပေးအဖြစ် သွတ်သွင်းခံရခြင်းမှ ရုန်းထွက်ကြရန် နိုင်ငံရေးပါတီများ ကို NUCC နှင့် NUG တို့က သတိပေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

အကြမ်းဖက်စစ်အုပ်စု၏ သတင်းပေးအဖြစ် သွတ်သွင်းခံရခြင်းမှ ရုန်းထွက်ကြရန် နိုင်ငံရေးပါတီများ ကို NUCC နှင့် NUG တို့က ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပူးတွဲထုတ်ပြန်ကာ သတိပေးထား သည်။

တိုင်းပြည်အာဏာကို မတရားလုယူသိမ်းပိုက်ရန် ကြိုးပမ်းခဲ့သော အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းတို့ တရားမဝင်ပြဌာန်းထားသည့် ဥပဒေအရ မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံရေးပါတီများမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နိုင်ငံရေးပါတီများ အနေဖြင့် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသူများအား “သတင်းပေး ပို့ရန်” ပြောကြားခဲ့ကြောင်း သိရသည်။

ထို့သို့ ပြောကြာခြင်းမှာ နိုင်ငံရေးပါတီများနှင့် ပါတီဝင်များအား အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်ရေး ယန္ထရားတွင် ထောက်တိုင်အဖြစ် အသုံးချရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း NUCC နှင့် NUG တို့က သုံးသပ်ထားသည်။

နိုင်ငံရေးပါတီများဆိုသည်မှာ နိုင်ငံရေးကိုယ်စားပြုခြင်း၊ နိုင်ငံရေးသမားများ လေ့ကျင့်သင်ကြားခြင်း၊ နိုင်ငံရေးပါဝင်မှုမြှင့်တင်ခြင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက အစိုးရဖွဲ့ခြင်း၊ မူဝါဒရေးရာများ အဆို ပြုခြင်းနှင့် အကောင်အထည်ဖော်ဆောင်ခြင်း၊ နိုင်ငံရေးအသိပညာပေးခြင်းနှင့် ရွေးကောက်ပွဲများ တွင် ပါဝင်ယှဉ်ပြိုင်ခြင်း လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရသော နိုင်ငံရေးအဖွဲ့အစည်းများဖြစ် ကြောင်း သိရသည်။

ထိုကဲ့သို့ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်၏ ပြောကြားချက်သည် အဆိုပါ နိုင်ငံရေးပါတီများ၏ နိုင်ငံရေးရာ လုပ်ငန်းတာဝန်များကို အသိအမှတ်ပြုခြင်း မရှိသည့်အပြင် နိုင်ငံရေးပါတီ ခေါင်းဆောင် များနှင့် ပါတီဝင်များကို အကြမ်းဖက်စစ်အုပ်စု၏ သတင်းပေးများသဖွယ် အသုံးပြုရန် ကြိုးပမ်းနေ ခြင်း၊ အကြမ်းဖက်စစ်အုပ်စု၏ “ပြည်သူ့လုံခြုံရေးနှင့် ပြည်သူ့ကာကွယ်ရေးစနစ်” အမည်ခံ လက်ကိုင် တုတ်များအဖြစ် အသုံးပြုရန် ရည်ရွယ်ခြင်း၊ ဒီမိုကရေစီကို ပုံဖျက်သည့် သမိုင်းတရားခံပါတီများ အ ဖြစ်သွတ်သွင်းခြင်းဖြစ်သည်ကို ထင်ရှားပေါ်လွင်လျက ရှိကြောင်း NUCC နှင့် NUG တို့က ထောက်ပြ ထားသည်။

သို့ဖြစ်ရာ အကြမ်းဖက်စစ်အုပ်စုမှ ဖွဲ့စည်းထားသော အတုအယောင်ရွေးကောက်ပွဲကော်မရှင်ထံတွင် နိုင်ငံရေးပါတီများအဖြစ် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် ပါတီဝင်များအနေ ဖြင့် အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်လုပ်ငန်းများတွင် သတင်းပေးများအဖြစ် ပါဝင်ဆောင်ရွက် ၍ ပြည်သူ့သစ္စာ ဖောက်ဘဝဖြစ်နေရခြင်း၊ အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်ရေးယန္တရားအတွင်း အစိတ် အပိုင်းအဖြစ် ပါဝင်သွားနိုင်ခြင်း၊ သမိုင်းတရားခံ ဖြစ်နေရခြင်းတို့မှ လွတ်မြောက်ရေးအတွက် နိုင်ငံ ရေးပါတီများ အဖြစ်မှ မှတ်ပုံတင်မှု ရုတ်သိမ်းခြင်း၊ ပါတီဝင်များအဖြစ်မှ နှုတ်ထွက်ခြင်း၊ ကင်းကွာ ပါတီ ဝင်များအဖြစ် ပြုမူနေထိုင်ခြင်းတို့ ပြုလုပ်ကာ နိုင်ငံရေး ဂုဏ်သိက္ခာ (Political Integrity) ကို ထိန်းသိမ်းစောင့်ရှောက်ကြရန် သတိပေးတိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article