32 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာနိုင်ငံမှာ လာမယ့် ဧပြီလနှောင်းပိုင်း သင်္ကြန်ပိတ်ရက်တွေအပြီးမှာ ပြည်သူတွေကို စစ်မှု ထမ်းဖို့ ဆင့် ခေါ်မှာဖြစ်ပြီး စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့သူ အမျိုးသမီး၊ အမျိုးသား ၁၄ သန်းရှိ တဲ့အပြင် ၊ လူငယ်တွေကို လေ့ကျင့်သင်ကြားပေးပြီးတာနဲ့ ရှေ့တန်းကို လွှတ်မှာဖြစ်တယ်လို့ အကြမ်းဖက် ဇော်မင်းထွန်းက စစ်တပ်ပိုင် မီဒီယာတွေကနေ‌ တဆင့် ထုပ်ဖော်ပြောဆိုလိုက်ပါတယ်။
  • ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်သင်္ဘော ၁ စီးကို ရခိုင်တပ်တော် AA က မနေ့ကပဲ ထပ်မံ တိုက်ခိုက်သိမ်းပိုက်လိုက်ပြန်တဲ့အပြင် ၊ AA က တိုက်ခိုက်သိမ်းပိုက် ဖျက်ဆီး နိုင်တဲ့ စစ်ကောင်စီရဲ့ စစ်သဘော် ၉ စီးအထိ ရှိလာပြီလို့ AA က သတင်းထုတ်ပြန် ထားပါတယ်။
  • တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး
    စစ်ကောင်စီ ကို တိုက်ခိုက်သွားမယ်လို့ ကြေညာလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article