28 C
Yangon

ရွှေဘိုမြို့နယ်၊ ရွာသာရွာ ပျူစောထီး စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွာသာရွာ ပျူစောထီး စခန်းကို တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း Shwebo Crocodile အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ရွာသာရွာ ပျူစောထီး စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားကာ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းစခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး ဒဏ်ရာ ရရှိသူ များပြားကာ ကိုးလုံးပြောင်းချော ၁ လက်၊ အီနာဂါ ဗုံးသီး ၂ လုံး၊ MA 2 ကျည်ဗောက် ၁ ခု၊ ယူနီဖောင်းများ သိမ်းဆည်းရရှိခဲ့ပြီး တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၃ ဦး မြင့်မြတ်စွာ သက်ပေးလှူသွားကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို shwebo crocodile ၊‌ ရွှေဘိုပြည်သူ့ လုံခြုံ‌ရေးတပ်ဖွဲ့၊ မဟာမိတ် ဖြစ်သော ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ တန (၅) တပ်ပေါင်းစု 96 soldiers-PDF အညာဒေသတပ်ခွဲ၊ တန၊ ၂ တပ်ပေါင်းစု ဗိုလ်အလင်းရောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဒပယ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article