26 C
Yangon

ရေးမြို့နယ်၊ ခလရ ၁၀၆ တပ်ရင်း ဗဟိုကင်းနှင့် မော့ကနင်ရွာ အုပ်ချုပ်ရေးမှူး နေအိမ်၊ ရုံးတို့ကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦး ဒဏ်ရာရ

Must read

ရေးမြို့နယ်၊ ခလရ ၁၀၆ တပ်ရင်း ဗဟိုကင်းနှင့် မော့ကနင်ရွာ အုပ်ချုပ်ရေးမှူး နေအိမ်၊ ရုံးတို့ကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအခြေစိုက် ခလရ ၁၀၅ တပ်ရင်းရှိ ဗဟိုကင်းကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်ခန့်က ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ ၊မော့ကနင် ကျေးရွာ အခြေစိုက် စစ်ကောင်စီ၏ ခလရ-၁၀၆ တပ်ရင်းရှိ ဗဟိုကင်းကို ရေးပြောက်ကျားတပ်ဖွဲ့ (ဒေါနတပ်ခွဲ -၃) မှ MA 10 (RPG) ဖြင့် ကိုက် ၃၀၀ အကွာမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်အား ထိ မှန် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခြင်းနှင့်အတူ မော့ကနင်ကျေးရွာနေပြည်သူများ၊ ကျေးရွာတစ်ဝိုက်ခြံနေ ပြည်သူများထံမှ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ငွေကြေးတောင်းခံခြင်း ၊လောင်းကစား ဝိုင်းများ ဖွင့်ထားခြင်း၊ PDFများကို မကြာခဏစိန်ခေါ် ကြွေးကြော်ခြင်း၊ နှစ်ကရင်ကျေးရွာ လေယာဉ်ဗုံးကျဲ ခံရမှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေခြင်းအစရှိသည့်မတရားမှုများအားကျူးလွန်နေသော အကြမ်း ဖက်စစ်ကောင်စီ၏ အဓိကထောက်တိုင်အဖြစ်အုပ်ချုပ်ရေးမှူးတာဝန်နှင့်ကျေးရွာပျူ ခေါင်းဆောင် တာဝန်ယူထားသူ ဦးထိန်ဝင်း၏ နေအိမ်နှင့်ရုံးကို ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

ထို့သို့ ဝင်ရောက်စီးနင်းရခြင်းမှာ ပြည်သူများ၏ တိုင်တန်းချက်များအရဖြစ်ပြီး ၎င်း၏ နေအိမ်နှင့်ရုံးကို ရေးပြောက်ကျားတပ်(ဒေါနတပ်ခွဲ-၃) မှ တပြိုင်နည်း ဝင်ရောက်စီးနင်းခဲ့သော်လည်း စစ်ကောင်စီ၏ ထောက်တိုင် အုပ်ချုပ်ရေးမှူး ဝင်းထိန်းမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ထို့ကြောင့် ပြည်သူ များထံမှ မတရားရယူ၍ဝယ်ယူစုဆောင်းထားသော ဆိုင်ကယ်နှစ်စီး၊ ဖုန်းနှစ်လုံးနှင့်လက်ဝတ်ရတနာ အချို့ကို ဦးဝင်းထိန်း၏ သမီးရှေ့မှောက်တွင် သိမ်းဆည်းခဲ့ကြောင်း ရေးပြောက်ကျား တပ်ဖွဲ့က ထုတ် ပြန်ထားသည်။

ထိုသို့ သိမ်းဆည်းရရှိသည့် ပစ္စည်းများကို ရေးပြောက်ကျားတပ် (YGF)၏ တော်လှန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article