28 C
Yangon

တရားမဝင် စစ်မှုထမ်းဥပဒေ နှင့် ပတ်သက်၍ အကူအညီတောင်းခံသူ ၄၈ နာရီအတွင်း ၁၀၀၀ ကျော်ရှိ၊ အကူအညီပေးရေး ဖြေကြားမည့် တယ်လီဂရမ်ချန်နယ်များ ထပ်မံတိုးချဲ့

Must read

တရားမဝင် စစ်မှုထမ်းဥပဒေ နှင့် ပတ်သက်၍ အကူအညီတောင်းခံသူ ၄၈ နာရီအတွင်း ၁၀၀၀ ကျော်ရှိ၊ အကူအညီပေးရေး ဖြေကြားမည့် တယ်လီဂရမ်ချန်နယ်များ ထပ်မံတိုးချဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်သည့် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အကူအညီများ တောင်းခံသူ ၄၈ နာရီအတွင်း ၁၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း လွတ်လပ်သော CDM အင်အားစုမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနေဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းဥပဒေကို ရှောင်ရှားရန်၊ တုံ့ပြန်ရန်အတွက် အကြံဉာဏ်များ၊ အကူ အညီ များ ပံ့ပိုးပေးမည်ဟု ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ကြေညာခဲ့ပြီးနောက် နိုင်ငံတဝန်းရှိ ပြည်သူ များမှ ဆက်သွယ်မေးမြန်းခဲ့ကြရာ ၄၈ နာရီအတွင်း လူဦးရေ ၁၀၀၀ ကျော်ရှိပြီဖြစ်ပြီး တရားမဝင် စစ်မှုထမ်းဥပဒေကို လက်မခံဘဲ ဆန့်ကျင်တော်လှန်လိုသည့် ပြည်သူအားလုံးကို အသိအမှတ်ပြု မှတ် တမ်းတင်ပါကြောင်း လွတ်လပ်သော CDM အင်အားစုမှ ထုတ်ပြန်ထားသည်။

ထိုသို့ မေးမြန်းစုံစမ်းမှုများတွင် မည်သို့ လုပ်ကိုင်ရမည် မသိသဖြင့် အကြံဥာဏ်ကို အဓိက လိုချင်သူ၊ ပြည်တွင်း လွတ်မြောက်နယ်မြေရှိ တော်လှန်ရေးတပ်ဖွဲ့များထံ သွားရောက်ပြီး လက်နက်ကိုင်လိုသူ၊ လက်နက်မကိုင်ပဲ ရိုးရိုးခိုလှုံချင်သူနှင့် မိမိတတ်ကျွမ်းသည့် ပညာရပ်ဖြင့် တော်လှန်ရေးတွင်ပါဝင်လို သူ၊ ပြည်ပကို ထွက်ရန် သင့်၊ မသင့်စဉ်းစားနေသူ စသည်ဖြင့် အုပ်စု ၃ စုရှိကြောင်း သိရသည်။

“အခက်အခဲကတော့ လူရမ်းများလို့ အလျဉ်မီအောင် စာပြန်နိုင်ခြင်း မရှိတာပါပဲ၊ အဲဒီအတွက်လည်း မြန်မြန်ဆန်ဆန်ဖြေကြားပေးနိုင်ဖို့ Telegram Account တွေကို ထပ်တိုးဖို့စီစဉ်ထားပါတယ်” ဟု လွတ်လပ်သော CDM အင်အားစုမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနေဝင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ထို့အပြင် ဆက်သွယ်မေးမြန်းလာသူများ များပြားသည့်အပြင် ကူညီဖြေကြား ပေးနေသည့်အဖွဲ့ဝင် များမှာ လည်း အခြားသော တော်လှန်ရေးလုပ်ငန်းများ ရှိနေခြင်း၊ အင်တာနက်လိုင်းနှင့် လျှပ်စစ်မီး အခက်အခဲများ ရှိနေခြင်းတို့ကြောင့် ပြန်လည်ဖြေကြားရာတွင် နှောင့်နှေးကြန့်ကြာမှုများရှိပါက နား လည် သည်းခံပေးကြပါရန် မေတ္တာရပ်ခံထားသည်။

“ပြည်သူကို ကာကွယ်ရမယ့်အစား ရန်သူလို သတ်မှတ်တဲ့ စစ်ကောင်စီက ငြိမ်းချမ်းရေးလို့ အကြိမ် ကြိမ်အော်ပေမယ့် သူတို့အာဏာတည်မြဲဖို့ဆိုရင် ပြည်သူအားလုံးကို စစ်ပွဲထဲဆွဲသွင်းဖို့ ဝန်မလေးဘူး ဆိုတာ အခုလုပ်ရပ်က သက်သေပါပဲ၊ ဒါကို ကြည့်ခြင်းအားဖြင့် စကစရဲ့ NCA ဆိုတာ ငြိမ်းချမ်းရေး အတွက် အသုံးမဝင်ဘူးဆိုတာ NCA ကို ကိုင်ထားသူတွေ သိသင့်ပါပြီ၊ ပြည်သူအားလုံးကလည်း ပြည် သူအချင်းချင်း ကူညီပြီး စုစည်းညီညာစွာတုန့်ပြန်ဖို့လိုပါတယ်၊ တော်လှန်ရေးက ငွေကြေးလိုအပ်ချက် ကြီးမားပြီး တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံး ရုန်းကန်နေရတယ်ဆိုတာ တကယ့်အရှိတရားပါ။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ဘယ်နေရာရောက်ရောက် ဘာအခက်အခဲပဲရှိရှိ စကစအောက် ဒူးမ ထောက်ဘူးဆိုတဲ့ စိတ်နဲ့ ကိုယ့်အားကိုယ်ကိုးပြီး ရအောင်ကျော်ဖြတ်စေချင်ပါတယ်၊ စကစကို အမြစ် ဖြတ်မှ ဒီလိုအဖြစ်မျိုးတွေ ကင်းမှာမို့ တော်လှန်ရေးထဲကို ကိုယ်ရောစိတ်ပါနှစ်ပြီး ပါဝင်လိုက်ဖို့က လွဲ ပြီး တရားရွေးစရာလမ်းမရှိပါဘူး” ဟု လွတ်လပ်သော CDM အင်အားစုမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနေဝင်းက ပြောဆိုသည်။

စစ်မှု မထမ်းလိုသော လူငယ်များအနေဖြင့် အကူအညီများ မေးမြန်းတောင်းခံလိုပါက ဆက်သွယ်နိုင်သော Telegram account များမှာ

t.me/kyg2024

t.me/yph2633

t.me/maythu1027

t.me/smlsml123

t.me/kmz1990

t.me/fe21nix

t.me/REC279 (ထပ်တိုး)

t.me/Zin20111 (ထပ်တိုး) တို့ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မန္တလေးတွင် နိုင်ငံကူးလက်မှတ် လျှောက်လွှာတင်ရန် တုံကင် တန်းစီ စောင့်ဆိုင်းနေကြသူများ။ (ယနေ့ ဓာတ်ပုံဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article