ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်သားသစ်တွေ ခေါ်ယူရာမှာ အမျိုးသမီး တွေကို လတ်တလော ခေါ်ယူဖို့ အစီအစဉ်မရှိတော့ဘူးလို့ စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။
- ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာရှိတဲ့ ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းက မွတ်စလင်လူမျိုး အယောက် ၃၅၀ ကို စစ်မှုထမ်းဖို့ အကြမ်းဖက် စစ်ကောင်စီက အတင်းအကျပ် ဖိအားပေး ခြိမ်းခြောက်ခေါ်ယူနေတယ်လို့ အဲ့ဒီ့ စခန်းမှာရှိတဲ့ မွတ်စလင် လူငယ်တချို့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက်စစ်ကောင်စီက အတင်းအဓမ္မအသက်သွင်းနေတဲ့ စစ်မှုထမ်းဥပဒေဟာ လူငယ်တွေရဲ့ အသက်နဲ့ ဘ၀တွေကို ချနင်းဖျက်ဆီးနေတာဖြစ်ပြီး အနာဂတ်တက်လမ်းတွေကို ပိတ်ပင်ဟန့်တား နေတာဖြစ်တယ်လို့ NUG အစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar