28 C
Yangon

ဘုတလင်၊ ကူတော်ရဲစခန်းကို ဝင်တိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၃ လောင်းနှင့် လက်နက်များ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ ဧပြီ ၁၀

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရဲစခန်းကို PDF တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ရာတွင် အလောင်း ၃ လောင်းနှင့် လက်နက်များ သိမ်းဆည်းရမိကြောင်း ဂဠုန်တပ်တော် ဒီပဲယင်းအခြေစိုက် GALON PDFက သတင်းထုတ်ပြန်သည်။

ဧပြီလ ၈ ရက်နေ့ ည ၁၁ နာရီဝန်းကျင် ဘုတလင်၊ကူတော်ရဲစခန်းစခန်းသိမ်း တိုက်ပွဲတွင် ဂဠုန်တပ်တော် တပ်ရင်း ၁ ၏ တပ်စုတစ်စုနှင့် ရဲစခန်းမှ တပ်များ မိနစ် ၃၀ ကြာထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအလောင်း ၃ လောင်း အသေနှင့် လက်နက်အချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

သိမ်းဆည်းရမိသော လက်နက်မျိုးစားများမှာ G3 မောင်းပြန် ရိုင်ဖယ် ၄ လက် ၊ 7•62 ကျည် အမျိုးအစား ၅၄ တောင့် ၊ ကျည်ကာ အက်ျီ တစ်ထည် ၊ လက်ပစ် ဗုံးတစ်လုံး၊ လွယ်အိတ် 1လုံး၊ ကျည်ဖောက် 6 ခု ၊ တို့ဖြစ်ကြောင်း ဂဠုန်တပ်တော်က သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article