ရန်ကုန်၊ ဧပြီ ၁၀
တောင်ကိုရီးယားနိုင်ငံတွင် ယနေ့ ဧပြီ ၁၀ ရက်နေ့၌ အူဆန်အသင်း၊ ဒယ်ဂူးအသင်း၊ ဘုက်ဖူအသင်း
ဂယောင်ဂျူးအသင်း၊ ဆောဂျယ်၊ ဆောချမ်း၊ ဂျောင်ဂွန်း စသည့် လူဦးရေ ၂၀၀ ခန့်မှ ရရှိသည့် ရန်ပုံငွေ ကိုရီးယားဝမ် သိန်း (25)မြန်မာကျပ်ငွေ သိန်း 40 ခန့်ကို မြန်မာနွေဦးတော်လှန်ရေးအတွက် ပေးအပ်သည့် အခမ်းအနားကို ယနေ့ပြုလုပ်ခဲ့ပြီး ဒယ်ဂူးဆရာတော်မှ နွေဦးတော်လှန်ရေးအောင်မြင်ရန် ဘက်ပေါင်းဆုံငြိမ်းချမ်းစွာပါဝင်ဆင်နွဲရန် အဖွင့်စကားပြောကြားခဲ့ပါသည်။



