24 C
Yangon

ရန်ကုန်တိုင်းမြို့နယ်အားလုံးတွင် လျှပ်စစ်မီးများ ပြတ်တောက်သွား၊ မြောက်ဒဂုံတွင် ပစ်ခတ်သံများကြားရ

Must read

ရန်ကုန်၊ ဧပြီ ၁၁

ရန်ကုန်တိုင်းမြို့နယ်အားလုံးတွင် ယခုည ၇ နာရီခွဲအချိန်မှစတင်၍ လျှပ်စစ်မီးများ ပြတ်တောက်သွားပြီး မြောက်ဒဂုံတွင် ဗုံးပေါက်ကွဲမှုများနှင့်ပစ်ခတ်သံများကြားရနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“မ၀တလမ်းဆုံမှာ ဗုံး ၄ လုံးလောက် ဆင့်ပေါက်တယ်။ အဲဒါ အခု စစ်ခွေးတွေ မူးရူးရမ်းကားပြီး ကားတွေ စစ်နေတယ်။ လမ်းဘေးက ဆိုင်တွေကိုလည်း ရိုက်ခွဲနေတယ်။ ပစ်ခတ်သံတွေလည်းကြားရတယ်။ ရမ်းသမ်းပြီး ပစ်နေတာထင်တယ်။ မီးတွေလည်း ပျက်နေတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မြောက်ဒဂုံနှင့်အရှေ့ဒဂုံတွင် ဗုံးများပေါက်ကွဲခဲ့ရာတွင် ယနေ့ ည ၇ နာရီ ၁၀ မိနစ်တွင် တစ်ကြိမ်၊ ၇ နာရီ ခွဲဝန်းကျင်တွင် ၂ ကြိမ် ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် မြို့နယ်အများစု မီးပျက်နေပြီး စစ်တပ်က မီးဖြတ်၍ ပြည်သူများကို ဧည့်စာရင်း စစ်ခြင်း၊ ဖမ်းဆီး ခြင်းများ ပြုလုပ်မည်ကို စိုးရိမ်ရသည်ဟု ဒေသခံများက ဆိုကြသည်။

“မီးဖြတ်ပြီး ဘာတွေ ယုတ်မာဦးမလဲမသိဘူး။ ခွေးတွေက အရမ်းယုတ်မာနေကြတာဆိုတော့ စိုးရိမ်တယ်” ဟု စမ်းချောင်းဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီဘက်ကမူ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့ည ၈ နာရီမှစတင်၍ ဓာတ်အားစနစ်ချို့ယွင်းမှုဖြစ်ပေါ်သွားပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နေရာများ ယာယီ ဓာတ်အားပြတ်တောက်နေပါကြောင်းနှင့် ဓာတ်အားပြန်လည်ပေးနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- မီးပြတ်နေသော ရန်ကုန်မြို့တော်။ (ပုံအဟောင်းဖြစ်သည်)

Photo- NY Time

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article