ရန်ကုန်၊ ဧပြီ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တောင်မဲသင်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကို ဧပြီလ ၅ ရက်နေ့တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၃ က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦး သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း KNDF တပ်ရင်း ၃ က သတင်းထုတ်ပြန်သည်။
KNDF တပ်ရင်း ၃ ရဲဘော်များက အလစ်ဝင်တိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သာများ ကိုင်ဆောင်သော သေနတ် ၄ လက်၊ ကျည်ဘောက် ၁၀ ခု၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ ကျည်ဆံအချို့နှင့် စစ်အသုံးအဆောင်အချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။
ကရင်နီအမျိုးသားကာကွယ်ရေးတပ် တပ်ရင်း ၃ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ဓါတ်ပုံ – KNDF တပ်ရင်း ၃ က သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ