ရန်ကုန်၊ ဧပြီ ၁၁
ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ မြရည်နန္ဒာပန်းခြံရှေ့ စစ်ကောင်စီ၏ သင်္ကြန် မဏ္ဍပ်ကို စောင့်ကြပ်နေသည့် စစ်သားတချို့ကို ယမန်နေ့ညပိုင်းက ၄၀ (မမ)ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကြောင်း ဒေသသတင်းရင်းမြစ် Kawhmu News Agency ကပြောသည်။
ယမန်နေ့ ဧပြီလ ၁၁ရက် ည ၈ နာရီဝန်းကျင်အချိန် ကွမ်းခြံကုန်းမြို့လယ် အဝိုင်း အနီး မြရည်နန္ဒာပန်းခြံရှေ့မှာ စစ်ကောင်စီက ဆောက်လုပ်နေသည့် သင်္ကြန် မဏ္ဍပ်တွင် အစောင့်ကျနေတဲ့စစ်ကောင်စီတပ်ကို ရန်ကုန် တောင်ပိုင်း ခရိုင် ပြည်သူ့ကာကွယ်ရေးဖွဲ့နှင့် ကွမ်းခြံကုန်း-PDFပူးပေါင်းအဖွဲ့က ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် စစ်ဆေးရန်လာသည့် အကြမ်း ဖက်စစ်ကောင်စီယာဉ်တန်းကို ကြံခင်းတံတားပေါ်တွင် အဝေးထိန်း မိုင်းဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ် ကောင် စီဘက်မှ ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရခဲ့သူများရှိကြောင်း သိရှိရသည်။
အလားတူ ဧရာ၀တီတိုင်း ဟင်္သာတမြို့လယ်တွင် သင်္ကြန်ရေကစားမဏ္ဍက် ညအချိန် သီချင်းများ နားမခံ သာအောင် ဖွင့်လှစ်နေသဖြင့် ယနေ့ နံနက် ၄ နာရီ ၅၀ မိနစ်အချိန်တွင် ဟင်္သာတမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဗုံးဖောက်ခွဲ သတိပေးလိုက်ကြောင်း သိရှိရသည်။
“ဟင်္သာတမှာ မနေ့ညကစပြီး အဲ့ဗဟိုမဏ္ဏပ်ကနေ သီချင်းတွေ နားမခံနိုင် အောင် ဖွင့်တယ်.. အစောင့်တွေ ကင်းပုန်းတွေ အများကြီး… ဒီမနက် အဲ့အနား ဗုံးကွဲပြီးတော့ အဲ့အနား ခွေး ၁၀၀ လောက်ရောက်နေတယ်။အဲ့ဗဟိုမဏ္ဍပ်က ဘုရားလမ်းပေါ်၊ အာဇာနည်ကျောက်တိုင်ဘေးနားမှာရှိတာပါ။ လူတော့ မထိ ပါဘူး” ဟု ဟင်္သာတမြို့ခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြော ဆိုသည်။
ဓာတ်ပုံ- ဟင်္သာတမြို့နယ်ရှိ သင်္ကြန်မဏ္ဍပ်။