32 C
Yangon

ရန်ကုန်တိုင်းအစိုးရရုံး၊ ပြည်လမ်း-ပြည်သူ့ရင်ပြင်ရှေ့ ရှိ စစ်ကောင်စီ သင်္ကြန်မဏ္ဍပ်တွင် ရေပက်ခံကားမရှိ၍ လာသမျှ ကားအားလုံးကို ပိတ်ဆို့ပြီး မဏ္ဍပ်ရှေ့မှ ဖြတ်ခိုင်းနေ

Must read

ရန်ကုန်၊ ဧပြီ ၁၃

ရန်ကုန်တိုင်းအစိုးရုံး၊ ပြည်လမ်း-ပြည်သူ့ရင်ပြင်ရှေ့ရှိ စစ်ကောင်စီ၏ ရေပက်သင်္ကြန်မဏ္ဍပ်တွင် ရေပက်ခံကားနှင့် ရေပက်ခံမည့်သူမရှိ၍ လမ်းတွင် ဖြတ်သန်းသမျှ ကားအားလုံးကို လမ်းပိတ်ပြီး သင်္ကြန်မဏ္ဍပ် အောက်မှ ရေပက်ခံပြီးမှ ဖြတ်သန်းခိုင်းနေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

“ကားတွေက ရေပက်ခံကားလည်းမဟုတ်ဘူး။ သူ့ဟာသူ လမ်းပေါ်သွားနေတာကို ကားလမ်းကိုပိတ်လိုက်တယ်။ ပြီးတော့ သူတို့ မဏ္ဍပ်အောက်ကနေ ရေပက်ခံခိုင်းတယ်။ ကားတွေ ရေပက်ခံကားလည်းမဟုတ်ဘူး။ အိမ်စီးကားတွေ။ ကားတွေအားလုံးကတော့ မှန်တွေ တင်ထားတယ်။ ဘယ်သူမှလည်းရေပက်မခံဘူး။ ကားရေဆေးခံရသလိုဖြစ်နေတာပေါ့။ ကားက တစ်စီးချင်း ဖြတ်ခိုင်းနေတာ။ အတော်ဆိုးတယ်။ အခြားကားတွေ ရန်ကုန်-ပြည်လမ်း ပြည်သူ့ရင်ပြင်ရှေ့ကို ရှောင်မောင်းပါ” ဟု ရန်ကုန်မြို့ခံ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင် ရေပက်ခံမည့်သူ မရှိ၊ ရေပက်ကစားသူ မရှိချိန်တွင် စစ်ကောင် စီက ၎င်း၏ သင်္ကြန်မဏ္ဍပ်များတွင် စည်ကားသယောင် ဟန်ပြလုပ်နိုင်ရေး အောက်တန်းကျသော နည်းလမ်းမျိုးစုံ အသုံးပြုနေသည်ဟု တက္ကစီသမားတချို့က သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ- ကားများကို ဖြတ်သန်းခွင့်မပေးဘဲ ပြည်သူ့ရင်ပြင်ရှေ့ ရေပက်သင်္ကြန်မဏ္ဍပ်ရှေ့မှ အောက်တန်းကျစွာ ဖြတ်သန်းခိုင်းနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article