ယင်းမာပင်မြို့နယ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီက လူထုဟောပြောပွဲပြုလုပ်
ရန်ကုန်၊ မတ်၂၈
ယင်းမာပင်မြို့နယ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ (ယင်းမာပင်ဒေသ) ရဲဘော်များက ဦးဆောင်ပြီး ယင်းမာပင်မြို့နယ်အတွင်းရှိ ကျောင်းသားပြည်သူလူထုကို စည်းရုံးစုစည်းကာ စစ်သုံးစစ်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှု ချီတက်ဆန္ဒပြပွဲပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။