ရန်ကုန်၊ ဧပြီ ၁၈
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၃၅ ရှိ စစ်ကောင်စီဂိတ်ကို ယနေ့ နံနက် ၂ နာရီတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကြောင်း ကျောက်ဆည်နဂါး ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၃၅ တစ်ဖာလုံ တွင် တပ်စွဲထားပြီး အနီးကျေးရွာများ နှင့် ခရီးသွား ပြည်သူများကို ဒုက္ခပေးနေသော ဗိုလ်မှူးကြီး ဦးဆောင်သော ကင်းဂိတ်ကို ဧပြီလ ၁၈ ရက်နေ့ နံနက် ၂နာရီ အချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် များစွာ အထိနာခဲ့ကြောင်း ကျောက်ဆည်နဂါး ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
“၀ိုင်းပစ်တာက ကြာချိန်က ၃မိနစ်လောက်ပဲ ရှိတယ်။ လက်နက်ကြီးနဲ့ ပစ်ပြီး အငယ်နဲ့ ဝိုင်းပစ်တာပါ။ အခုထိတော့ လမ်း ပိတ်ထားတယ်။ ပစ်ပြီး တဲ့အချိန်က စပြီး အခုမနက်ထိ ကျည်တစ်ချက်တောင် မဖောက်နိုင်တော့ဘူး အဲဒီ ဂိတ်က” ဟု ကျောက်ဆည်နဂါး ပျောက်ကြားတပ်ဖွဲ့ တာဝန်ရှိသူကဆိုသည်။
အလားတူ ပဲခူးတိုင်း ၊ ပေါင်းတည်မြို့နယ်၊ အရှေ့လဲပင်ကျေးရွာတွင်လည်း PDF များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားရာ ဧပြီ လ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး၊ ဧပြီလ ၁၆ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကြောင်း၊ ဗိုလ်တစ်ဦး ခြေထောက်ပြတ်သွားကြောင်း၊ ဧပြီလ ၁၇ ရက်နေ့ တိုက်ပွဲတွင်မူ စစ်တပ်ဘက်မှ အကျအဆုံး မသိရသေးကြောင်း ပေါင်းတည် PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။