29 C
Yangon

သန်လျင်နှင့် လှိုင်သာယာတွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၄ ဦး ပစ်ခတ်ခံရကာ ၂ ဦးသေဆုံး၊ လမ်းမတော်တွင် စစ်တပ် ပစ်ခတ်သော ကျည်ဆံ YBS ပေါ်ရှိ အမျိုးသမီး ၁ဦး ထိမှန်

Must read

ရန်ကုန်၊ ဧပြီ ၁၈

ရန်ကုန်တိုင်း သန်လျင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ဇော်မင်းထွန်းနှင့် လှသန်းဦးတို့ ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

သန်လျင်မြို့နယ် အမှု့ထမ်း ရပ်ကွက် ဓမ္မရောင်ခြည်လမ်းတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ဇော်မင်းထွန်းကို ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက် ၉နာရီ ၃ဝ မိနစ်ခန့်တင် Justice Warriors Force (JWF) အဖွဲ့က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံသူ လှဆန်းဦးကို သန်လျင်ဗိုလ်နဂါးတပ်ဖွဲ့က ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ လှဆန်းဦးသည် အကြမ်းဖက် စစ်တပ် အာဏာသိမ်းချိန်မှစ၍ ဆန္ဒပြ လူငယ်များ ရှိရာ နေရာများကို စစ်တပ်အား သတင်းပို့ခြင်းများ လုပ်ဆောင်ခဲ့ပြီး ပြည်သူများ အကြိမ်ကြိမ် တိုင်ကြားကာ မြေပြင် စုံစမ်းမှုမျာ ပြုလုပ်ပြီးမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သန်လျင် ဗိုလ်နဂါး တပ်ဖွဲမှ ထုတ်ပြန်ထားသည်။

ထို့ပြင် လမ်းမတော်မြို့နယ် မော်တင်မှတ်တိုင်တွင် ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက် ၉နာရီ ၃ဝမိနစ်ခန့် လမ်းမတော် မီတာရုံးရှေ့တွင် ကင်းစောင့်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် YBS ၅၇ ယာဉ်ပေါ်ရှိ အမျိုးသမီး ၁ဦး ပေါင်တွင် ကျည်ထိမှန်ခဲ့ကြောင်း ခရီးသွား ပြည်သူများ ပြောဆိုချက်အရ သိရသည်။

လှိုင်သာယာမြို့နယ် အလယ်ရွာ မက္ခရာမင်းသားကြီးလမ်း ကြွေပြားစက်ရုံရှေ့တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ တင်ထွန်းလွင်နှင့် သန်းဇော်တို့ကို အမည်မသိ သေနတ်သမားများက ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၁နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခြင်း ရှိ၊ မရှိကို အတည် မပြုနိုင် သေးကြောင်း သိရသည်။

ဓာတ်ပုံ- သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံသူ လှဆန်းဦးကို သန်လျင်ဗိုလ်နဂါးတပ်ဖွဲ့က ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article