ဒီကနေ့ ဧပြီ ၃၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ စစ်ရေးကဏ္ဍမှာ NUG နဲ့ တိုင်းရင်းသားမဟာမိတ် အင်အားစုတွေပူးပေါင်းပြီး နယ်စပ်ကုန်သွယ်ရေးမြို့ ၅ မြို့အပါအဝင် တစ်နိုင်ငံလုံးရဲ့ ၆၀ ရာခိုင်နှုန်းကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ၃ နှစ်ပြည့် ကြေညာချက် မှာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
- အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်ထားတဲ့ မြို့နယ် ၄၂ မြို့နယ်ကနေ အမေရိ ကန် ဒေါ်လာ ၂၂ ဒသမ ၉၈ သန်း အခွန်အခကောက်ခံရှိထားတယ်လို့ ဒီကနေ့ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ ၃ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်မှာ စစ်မှုထမ်းဖို့ စာရင်းပါတယ်ဆိုပြီး အမျိုးသား ၉ ဦးကို အကြမ်းဖက် စစ်တပ်က နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
